———၊ ငွေကြယ်စင်ယံ ၊——– သင့်အနေနဲ့ ကိုယ်နေဟန်ထားက မားမားမတ်မတ်နဲ့ စမတ်ကျကျနေတာက သင့်ကိုကြည့်ကောင်းစေရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်မှုမရှိရင် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲခြင်း စတဲ့ဝေဒနာအများစုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခါးနာတယ်ဆိုတာ ကိုယ်နေဟန်ထား မကောင်းခြင်းကြောင့် ဖြစ်တတ်တဲ့ အဓိကနောက်ဆက်တွဲ...
စူး (ဆေးဝါးတက္ကသိုလ်) စာမေးပွဲတွေဖြေရတာ၊ စာတမ်းတွေတင်ဖို့ ပြင်ဆင်ရတာ၊ Presentation လုပ်ဖို့ အချက်အလက် စုဆောင်းရတာ .. စတဲ့ အရာအားလုံးက ဦးနှောက်ကို စိန်ခေါ်လုပ်ဆောင်ရတာကြောင့် စိတ်ပင်ပန်းနွမ်းနယ်မှု ဖြစ်ရတာအမှန်ပါ။ ဒါပေမဲ့ ဒီလိုပညာရပ်အသစ်တွေကို ဆည်းပူးလေ့လာရတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်ထက်မြက်လာစေပါတယ်။...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး- လိပ်ခေါင်းက ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။ ဖြေ- လိပ်ခေါင်းဆိုတာ အူမကြီးရဲ့ အောက်ဘက်မှာရှိတဲ့ သွေးပြန်ကြောတွေရောင်ရမ်းလို့ ဖြစ်တာပါ။ လိပ် ခေါင်းက စအိုတဝိုက်မှာဖြစ်ပြီး အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းလို့ ခေါ်ကြတယ်။ အတွင်းလိပ်ခေါင်း ဆိုတာ...
စူး (ဆေးဝါးတက္ကသိုလ်) လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို တစ်နေ့ တစ်ခွက် လောက်တော့ ပုံမှန်သောက်သင့်ပါတယ်။ ရေနွေးကြမ်းသောက်တာကြောင့် ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေပေမယ့် ရေနွေးကြမ်းမသောက်သင့်တဲ့ အခြေအနေလေးတွေလည်း ရှိနေတာကို သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ (၁)အစာစားပြီးချက်ချင်းသောက်ခြင်း လက်ဖက်ခြောက်ခတ်ပြီး နှပ်ထားတဲ့ ရေနွေးကြမ်းကို ထမင်းစားပြီး ချက်ချင်းမသောက်သင့်ပါဘူး။...
လေ့လာမှုစာရင်းတွေအရ ကမ္ဘာ့လူဦးရေ ရဲ့ ၅-၆၀ရာခိုင်နှုန်းက ခံတွင်းအနံ့ဆိုးထွက်တာကို ခံစားနေရတယ်လို့ သိရပါတယ်။ ခံတွင်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးပြီး ကြက်သွန်ဖြူမစားတာတောင်မှ ခံတွင်းအနံ့ဆိုး ထွက်တာက အလွန်ပြင်းထန်ပြီး အစည်းအဝေး ဒါမှမဟုတ် ချစ်သူနဲ့တွေ့ဆုံမှုတွေမှာ တောင် စိတ်အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်ရသော အကြောင်းရင်းများ...
– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ပါကင်ဆန်ရောဂါဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုမှာ ချို့ယွင်းမှုဖြစ်စေပါတယ်။ ဦးနှောက်ထဲက နာ့ဗ်ဆဲလ်တချို့ထိခိုက်တာကြောင့် ဖြစ်ရတာပါ။ ပုံမှန်အားဖြင့် ဦးနှောက်နာ့ဗ်ဆဲလ်တွေက ဒိုပါမင်းလို့ခေါ်တဲ့ အရေးကြီးဓာတ်တစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ဒိုပါမင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းဆီကို အချက်ပြသင်္ကေတပေးပို့ပါတယ်။ အဲဒီအခါ ကြွက်သားတွေက...
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ရွှေဖရုံသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့အင်တီအောက်ဆီးဒင့်တွေ အပြည့်ပါဝင်နေတယ်ဆိုတာ သင်သိပါရဲ့လား။ ရွှေဖရုံသီးကို ကျန်းမာရေးအတွက် စားသင့်သလားဆိုတာကို သိလိုကြသူတွေအတွက် ရွှေဖရုံသီးအကြောင်း ပြည့်ပြည့်စုံစုံသိနိုင်စေဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများပါတယ် ရွှေဖရုံသီးမှာ တောက်ပတဲ့အရောင်ရှိလေလေ သင့်ကျန်းမာရေးအတွက်...
အပြာရောင်က စိတ်ကို ငြိမ်သက်အေးချမ်းစေတဲ့အကျိုးကျေးဇူးရှိပါတယ်။ အပြာရောင်အရင့်ဟာ စိတ်ကိုတည်ငြိမ်မှုရသွားစေတဲ့ အရောင်တစ်မျိုးပါပဲ။ အကြောင်းကတော့ ဦးနှောက်ထဲမှ စိတ်ကို ငြိမ်သက်အေးချမ်းစေတဲ့ နျူရိုထရန်စမစ္စတာ (Neurotransmitters) ၁၁မျိုး ထွက်လာတာ ကြောင့်ပါ။ ဒီဟော်မုန်းတွေက ဓာတုအချက်ပြမှုတွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်ကိုပါ တည်ငြိမ်စေပါတယ်။ အပြာရောင်ရဲ့ အဓိကအကျိုးကျေးဇူးတွေက...
၊ လရိပ်မေ ၊ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေစားရင် သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ရဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကတော့ ဂျုံ၊ အာလူး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စတာတွေပဲ ဖြစ်ပါတယ်။ အမျှင်ဓာတ်အမျိုးအစား အမျှင်ဓာတ်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့...
၊ ငွေကြယ်စင်ယံ ၊ ဇင့်(သွပ်)ဓာတ်ဟာ အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာအတွက် အရေးပါတဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ဇင့်(သွပ်)ဓာတ်ဟာ ဆဲလ်ကြီးထွားမှု၊ ဆဲလ်ကွဲပြားမှုနဲ့ ဆဲလ်ခွဲခြားမှုမှာ အရေးပါပြီး ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေကာ အမြင်အာရုံ၊ မျိုးဆက်ပွားမှု၊ ပရိုတင်းတည်ဆောက်မှုနဲ့ တခြားဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။...