Healthy Life Ad
Health Tips

သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျစေဖို့ သောက်သင့်သည့် သဘာဝဖျော်ရည်များ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

မကောင်းတဲ့ ကိုလက်စထရောပမာဏ မြင့်တက်လာတဲ့အခါ သွေးတိုးခြင်းကိုဖြစ်စေသလို နှလုံးရောဂါဖြစ်နှုန်း၊ လေဖြတ်ခြင်းဖြစ်နှုန်းတွေလည်း မြင့်မားလာနိုင်ပါတယ်။ ဒါကြောင့် အဆီများတဲ့ အစားအသောက်တွေ၊ အဆင်သင့်အစာတွေ၊ ထပ်ပြန်တလဲလဲကြော်ထားတဲ့ အစားအသောက်တွေကို ဆင်ခြင်ပြီး ဒီသစ်သီးဖျော်ရည်တွေကို သောက်သုံးပေးပါ၊ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဆောင်ပေးပါ။ ဒါဆိုရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေက လျော့ကျလာမှာ ဖြစ်ပါတယ်။

နာနတ်သီးဖျော်ရည်

အမျှင်ဓာတ်များစွာပါဝင်တဲ့ နာနတ်သီးဖျော်ရည်က သွေးကြောထဲက မကောင်းတဲ့ကိုလက်စထရောအဆီတွေကို တွန်းချလိုက်သလို ဖြစ်စေပြီး သွေးဖိအားကို ပုံမှန်ထိန်းပေးကာ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလုံးအမောဖောက်ခြင်းဖြစ်နှုန်းတို့ကို လျော့ကျစေပါတယ်။ နာနတ်သီးဖျော်ရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆီကို လျော့ကျစေပါတယ်။

သံပရိုရည်

သပရိုရည်မှာ ပါဝင်တဲ့ ဗီတာမင်စီ အင်တီအောက်ဆီးဒင့်က အဆီမော်လီကျူးတွေကို သွေးလွှတ်ကြောတွေထဲ မဝင်အောင် ဟန့်တားကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒီအင်တီအောက်ဆီးဒင့်က သွေးကြောတွေကို ပိုကျန်းမာစေပြီး သွေးတိုးခြင်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

စတော်ဘယ်ရီဖျော်ရည်

စတော်ဘယ်ရီဖျော်ရည်မှာ မကောင်းတဲ့ကိုလက်စထရောအဆီ ကျစေတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။ သကြားထပ်မထည့်ဘဲသဘာဝအတိုင်း စတော်ဘယ်ရီဖျော်သောက်ရင် နှလုံးကျန်းမာစေကာ ကောင်းကျိုးလည်းရှိပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေး (Green tea) က မကောင်းတဲ့ကိုလက်စထရောကို လျော့ကျစေပါတယ်။ ပိုလီဖီနောလို့ခေါ်တဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့် ပါဝင်လို့ပါ။ ပိုလီဖီနောက သွေးကြောတွေထဲကို ကိုလက်စထရောအဆီတွေမရောက်ခင် ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် တွန်းထုတ်ပေးနိုင်လို့ပါပဲ။

ချင်း(ဂျင်း)ရေနွေးကြမ်း

ချင်း(ဂျင်း)ရေနွေးကြမ်းမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အစာကြေညက်ဖို့အတွက် အလွန်ကောင်းမွန်ထိရောက်ပါတယ်။ ချင်း(ဂျင်း)ရေနွေးကြမ်းရဲ ့ အစွမ်းက ရောင်ရမ်းမှုကို လျော့ကျစေပြီး မကောင်းတဲ့ကိုလက်စထရော အဆီပမာဏကို လျော့နည်းစေတာကြောင့် သွေးကြောရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်သောက်တာကလည်း ကိုလက်စထရောကျစေတဲ့ ပိုလီဖီနောဓာတ် ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top