Healthy Life Ad
Health Tips

သင့်ခြေထောက် ဖောရောင်နေသလား

၊ ငွေကြယ်စင်ယံ ၊

ခြေထောက်တစ်သျှူးတွေမှာ အရည်တွေစုပုံနေတဲ့အခါ ဖောရောင်တတ်ပါတယ်။ တစ်ခါတစ်ရံ ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ နောက်ဆက်တွဲအခြေအနေ ဒါမှမဟုတ် ဆဲလ်ရောင်ရမ်းမှုကြောင့် ခြေထောက်ဖောရောင်တတ်ပါတယ်။ လေယာဉ်နဲ့ ခရီးသွားတာ၊ အကြာကြီးထိုင်တာ၊ ကိုယ်ဝန်ဆောင်ရတာ၊ ခြေသလုံးသွေးပြန်ကြောဆီ သွေးရောက်ရှိမှု မလုံလောက်တာ၊ ထိခိုက်ဒဏ်ရာရတာ စတဲ့ အခြေအနေတွေကြောင့် ခြေထောက်ဖောရောင်တတ်ပါတယ်။ အဲဒီအခါ အိမ်တွင်းကုထုံးတွေကို လုပ်ဆောင်သင့်ပါတယ်။


– ရေနွေးနှင့် ရေအေးတစ်လှည့်စီသုံးပါ

ခြေထောက်ဖောရောင်တာ သက်သာစေတဲ့ နည်းတစ်ခုပါ။ ရေအေးထဲမှာ သုံးမိနစ်ခန့် ခြေထောက်စိမ်လိုက်၊ ရေနွေးထဲမှာ နောက်ထပ်သုံးမိနစ်ခန့်ခြေထောက်စိမ်လိုက် တစ်လှည့်စီလုပ်ပေးပါ။ ဒီနည်းလမ်းလုပ်လိုက်ရင် ခြေထောင်ဖောရောင်တာကို သက်သာစေပါတယ်။


– ရေချိုးရာတွင် မဂ္ဂနီဆီယမ်ဆာလဖိတ်ကိုသုံးပါ

ခြေသလုံးဆီ သွေးလှည့်ပတ်စီးဆင်းမှု အားကောင်းစေတဲ့ မဂ္ဂနီဆီယမ်ဆာလဖိတ်ကို ရေတစ်ဇလုံထဲ ထည့်ပေးပါ။ ပြီးရင် ခြေထောက်စိမ်ပေးပါ။


– ရှလကာရည် သုတ်လိမ်းပါ

ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ ရှလကာရည်က ခြေထောက်နဲ့ ခြေဖဝါးဖောရောင်တာကို သက်သာစေပါတယ်။ ပိုတက်ဆီယမ်ဓာတ်နည်းလို့ ခြေသလုံးမှာ ရေဓာတ်ဆွဲကာ ဖောရောင်ရတာပါ။ ဒါကြောင့် ရေတစ်ဆထဲ ရှလကာရည်တစ်ဆရောကာ ဖောရောင်နေတဲ့ ခြေသလုံးမှာသုတ်လိမ်းပါ။ ပြီးရင် ပဝါစနဲ့ပတ်ကာ မိနစ် ၃၀ ခန့်ထားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top