Healthy Life Ad
Health Tips

ခြေထောက်အညောင်းပြေဖို့ နှိပ်ရအောင်

———၊ လရိပ်မေ ၊———

ခြေထောက်ကို နှိပ်နယ်ပေးတာက ညောင်းညာပြီး တင်းအားများနေတဲ့ တကိုယ်လုံးကို အညောင်းပြေလန်းဆန်းသွားစေပါတယ်။ ခြေဖဝါးမှာရှိတဲ့ နာဗ့်ကြောထောင်ပေါင်းများစွာကို နှိပ်နယ်တဲ့အခါ တစ်ကိုယ်လုံးကျန်းမာကာ ပြေလျော့စေပါတယ်။

alignnone size-medium wp-image-60581
(၁) ခြေချောင်းထိပ်မှ ဖနောင့်အထိနှိပ်နည်း

ခြေထောက်ကို လက်တွေနဲ့ဆုပ်ကိုင်ပြီး ခြေဖဝါးမှာ လက်နှစ်ဖက်တင်ကာ လက်မနဲ့ ခြေချောင်းထိပ်တွေကို နှိပ်နယ်ပေးပါ။ ခြေချောင်းထိပ်နေရာမှ ခြေဖနောင့်နေရာအထိ တောက်လျှောက်နှိပ်ပေးလာပြီး တဖန် ခြေဖနောင့်မှ ခြေချောင်းဆီ ပြန်နှိပ်ပေးပါ။

alignnone size-medium wp-image-60582
(၂) ခြေဖဝါးအလယ်နေရာအား လက်မဖြင့် ဖိနှိပ်ခြင်း

ခြေဖဝါးအလယ်မှာ ဘယ်နဲ့ညာ လက်မနှစ်ဖက်တင်ကာ စက်ဝိုင်းပုံသဏ္ဌာန်အတိုင်း ဖိနှိပ်ပေးပါ။ ပြီးရင် လက်ချောင်းတွေကိုသုံးပြီး ခြေချင်းဝတ်နဲ့ ဖနောင့်နေရာတစ်ဝိုက်ကိုပါ နှိပ်နယ်ပေးပါ။

alignnone size-medium wp-image-60583
(၃) ခြေချောင်းများအား အကြောဆန့်ခြင်း

ခြေဖနောင့်ကို လက်တစ်ဖက်နဲ့ကိုင်ပြီး တခြားလက်နဲ့ ခြေချောင်းလေးတွေကို ရှေ ့နဲ့နောက်သို့ ဆွဲဆန့်ပေးပါ။ ခြေချောင်းတွေကို တစ်ကြိမ်အကြောဆန့်ရင်း စက္ကန့်အနည်းငယ်ကြာ ထိန်းထားပါ။ နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။

alignnone size-medium wp-image-60584
(၄) ခြေချောင်းများအား ဆောင့်ဆွဲကာ အညောင်းပြေအောင်လုပ်ခြင်း

လက်မနဲ့လက်ညှိုးကြား ခြေချောင်းကိုညှပ်ထားကာ ဆောင့်ဆွဲပေးပါ။ ခြေမမှစလုပ်ပြီး ခြေသန်းအထိ လုပ်သွားပါ။ ခြေချောင်းတွေကို အသံမြည်တဲ့အထိ လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ပြီးရင် ခြေထောက်တစ်ပြင်လုံးကို ညင်သာစွာ နှိပ်နယ်ပေးပါ။

lignnone size-medium wp-image-60585
အကြံပြုချက်

ညဘက်အိပ်ရာမဝင်ခင် ခြေထောက်ကို သေချာသန့်စင်ဆေးကြောပြီး ခြေထောက်လိမ်းခရင်မ်လိမ်းကာ နှိပ်နယ်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top