Healthy Life Ad
Health Tips

ခြေထောက်အညောင်းပြေစေသည့် ယောဂကျင့်စဉ်

———၊ လရိပ်မေ ၊———

တစ်နေ့တာ အလုပ်ပင်ပန်းပြီးချိန်မှာ ခြေထောက်တွေ ညောင်းညာနေပါသလား။

ခြေချောင်းတွေနဲ့ ခြေဖမိုးကို သက်သောင့်သက်သာဖြစ်စေပြီး အညောင်းပြေစေတဲ့ ယောဂကျင့်စဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-60591
အဆင့် (၁)

ခြေထောက်နှစ်ဖက်ကို အရှေ့ဘက်ဆန့်ထုတ်ပြီး ခါးမတ်မတ်ထားကာ ထိုင်ပါ။

alignnone size-medium wp-image-60592
အဆင့် (၂)

လက်ဖဝါးနှစ်ဖက်ကို တင်ပါးဘေးမှာ ဖြန့်ချလိုက်ပါ။

alignnone size-medium wp-image-60594
အဆင့် (၃)

ခြေထောက်နှစ်ချောင်းကို ပခုံးနဲ့တစ်ညီတည်းချဲ့ထားပြီး အသက်ရှူသွင်းပါ။ ခြေချောင်းလေးတွေကို အပေါ်အနည်းငယ်ကုပ်ပြီး အသက်ရှူထုတ်ပါ။

alignnone size-medium wp-image-60593
အဆင့် (၄)

ပုံပါအတိုင်း ခြေဖဝါးနှစ်ဖက်ကိုထိတွေ့ကာ လက်တွေက ခြေသလုံးကိုင်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။

alignnone size-medium wp-image-60595
အဆင့် (၅)

ပြီးရင် ခြေထောက်တွေကို ပေါင်ရင်းသို့ဆွဲထိလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။

နောက်ဆုံးမှာ ခြေထောက်နဲ့လက်ကို မူလအတိုင်း ပြန်နေပြီး တစ်ကိုယ်လုံးကို အားလျှော့ထားပါ။

ခြေထောက်လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး

• ခြေချောင်းနဲ့ ခြေဖမိုးကို သက်သောင့်သက်သာဖြစ်စေပြီး အညောင်းပြေစေပါတယ်။

• အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top