Healthy Life Ad
Health Tips

သဘာဝ၀မ်းပျော့ဆေးအစွမ်းရှိသည့် အစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပြီး သဘာဝ ဝမ်းပျော့ဆေး အစွမ်းရှိတဲ့ အစာတွေက သင့်ကို နေ့တိုင်း ဝမ်းမှန်မှန်သွားစေမှာပါ။

– ဖရဲသီး
ဖရဲသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဖရဲသီးစားပေးရင် ဝမ်းမှန်မှန်သွားစေပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၉ ရာခိုင်နှုန်းနီးပါး ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။

– ကောက်နှံတစ်ခုလုံးအစာ
ဆန်လုံးညို၊ ဂျုံမှုန့်အကြမ်းတို့လို ကောက်နှံ တစ်ခုလုံးအစာမှာ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာကြောင့် အူလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပြီး ဝမ်းပျော့ ပျော့သွားကာ လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ဘလူးဘယ်ရီသီးနှင့် စတော်ဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ ပက်တင်လို့ခေါ်တဲ့ အူလမ်းကြောင်းကျန်းမာရေးအကျိ်ုးပြုဓာတ် ပါဝင်ပါတယ်။ အဲဒါက ပျော်ဝင်တဲ့ အမျှင်ဓာတ် ဖြစ်တာကြောင့် ဝမ်းမှန်မှန်သွားစေတာပါ။

– အစိမ်းရင့်ရောင် ဟင်းရွက်များ
ကိုက်လန်က သဘာဝ ဝမ်းပျော့ဆေးတစ်မျိုး ဖြစ်ပါတယ်။ ကိုက်လန်၊ ဟင်းနုနယ်ရွက်တို့လို အစိမ်းရင့်ရောင် ဟင်းရွက်တွေမှာမဂ္ဂနီဆီယမ်သတ္တု ဓာတ် ပါဝင်တဲ့အတွက်ဝမ်းပျော့ပျော့သွားစေပါတယ်။

– စပျစ်သီးခြောက်
စပျစ်သီးခြောက်မှာ ဝမ်းပျော့ပျော့သွားစေတဲ့ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။

– ပန်းသီးနှင့် သစ်တော်သီး
ပန်းသီးနဲ့ သစ်တော်သီးမှာ ပက်တင်လို့ခေါ်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် အူမကြီးကို လှုံ့ဆော်ပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
– ဒိန်ချဉ်
ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့အတွက် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက အမျှင်ဓာတ်ကို ဖြိုခွဲနိုင်တဲ့အတွက် ဝမ်းပျော့ပျော့သွားစေတာဖြစ်ပါတယ်။

– ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီပွင့်
ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီပွင့်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်သာမက မပျော်ဝင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အူမကြီးကို ချောမွေ့စေပြီး ဝမ်း(မစင်)ထွက်ရှိမှုကို အားကောင်းစေပါတယ်၊ အူမကြီးကို ကျန်းမာစေပါတယ်။

– အချဉ်အရသာရှိသည့် အသီးများ
လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ သံပရိုသီးနဲ့ ရှောက်သီးတို့လို အရည်ရွှမ်းတဲ့ သစ်သီးတွေမှာ ရေဓာတ် ပါဝင်မှုမြင့်မားရုံသာမက ဝမ်းပျော့ပျော့သွားစေပါ တယ်။ လေမပွအောင် ကာကွယ်ပေးပါတယ်။

– ကစွန်းဥ
ကစွန်းဥမှာ ဝမ်းပျော့ပျော့သွားစေတဲ့ အာဟာရ ဓာတ်တွေ၊ ရေဓာတ်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် B6 တို့ ပါဝင်ပါတယ်။ ဒါတွေက အာရုံကြော စနစ်ကို ကျန်းမာစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။

– ရွှေဖရုံသီး
ကာဗိုဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်တဲ့ ရွှေဖရုံသီးက ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ပိုတက်ဆီယမ်လည်း ပါဝင်တာကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ဟန် ချက်ညီမျှစေပါတယ်။

– ကော်ဖီ
မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်လိုက်ရင် ဦးနှောက်နဲ့ အူကို လှုံ့ဆော်ပေးပါတယ်။ ကဖင်းဓာတ်က အူလှုပ်ရှားမှု ကောင်းမွန်စေပေမယ့် ကဖင်းဓာတ်များလွန်းရင် ဝမ်းချုပ်စေနိုင်ပါတယ်။

– အချဉ်ဖောက်ထားသည့် အစာ
ဂေါ်ဖီချဉ်လို အချဉ်ဖောက်ထားတဲ့ အစာတွေက အစာခြေလမ်းကြောင်းဖြစ်စဉ်ကို ကူညီပေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top