Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တတ်ပါတယ်။ အဲဒီလိုဝမ်းချုပ်ရင် ဘယ်လိုအစားအသောက်တွေ စားသောက်ပြီး ဝမ်းမှန်အောင် လုပ်လို့ရနိုင်ပါသလဲ။

A. ဟုတ်ပါတယ်။ တချို ့ကိုယ်ဝန်ဆောင်တွေ မကြာခဏ ဝမ်းချုပ်တတ်ပါတယ်။ ဒီလိုဝမ်းချုပ်တတ်ရင် ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကို တစ်နေ့ ၆-၈ ကြိမ် စားပေးရပါမယ်။ ရေဆိုလည်း တစ်နေ့ခြောက်ခွက်ကနေ ရှစ်ခွက်သောက်ပေးရပါမယ်။ ဝမ်းချုပ်တာကို ပေါ့ပေါ့ဆဆ နေလို့တော့မရပါဘူး။ ဝမ်းချုပ်တာကြာလာတဲ့အခါ Pile လို့ခေါ်တဲ့ လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်တဲ့အချိန် သွေးကြောတွေက နည်းနည်းကြီးလာပြီး သွေးခဲပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ခြေသလုံးမှာ သွေးကြောလေးတွေ ထုံးသလို စအိုထဲမှာရှိတဲ့ သွေးကြောတွေကလည်း နည်းနည်းဖောင်းကားလာတာကြောင့် ဝမ်းချုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် သတိထားဖို့တော့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top