Healthy Life Ad
Health Tips

၀မ်းချုပ်ခြင်း (Constipation)

———၊ ဒေါက်တာတင့်ဆွေ ၊———

ဆရာရှင့် သမီးမှာ ၃ လခွဲအရွယ် သမီးတစ်ဦးရှိပါတယ်။ မိခင်နို့တမျိုးတည်းကိုပဲ တိုက်ပါတယ်။ သမီးက ဒီ ၆ ရက်အတွင်းမှာ ဝမ်း ၂ ကြိမ်ပဲသွားပါတယ်။ ပထမ ၂ ရက်မှာ ၁ ကြိမ် ဒုတိယ ၂ ရက်မှာ ၁ ကြိမ် စုစုပေါင်း ၆ ရက်မှာ ၂ ကြိမ်ပဲသွားပါတယ်။ ဝမ်းပုံမှန်ဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲရှင့် ဆရာ ကူညီဖြေကြားပေးပါရှင်။

ဝမ်းချုပ်တယ်ဆရာ။ ဆယ်နှစ်ကျော်ပြီ။ ဝမ်းပျော့ဆေးကို ပုံမှန်သောက်နေရတယ်။ အရင်က လိပ်ခေါင်းရှိတာ ခွဲပြီးသွားပြီ။ ဒါပေမဲ့ ဝမ်းချုပ်နေတုန်းပါပဲ။ ရေများများသောက်ဆိုလို့ တနေ့လုံးရေပဲ သောက်နေမိတယ်။ ဝမ်းကတော့ ချုပ်တာပါပဲ။ အသီးအရွက်တွေကို များများစားပါဆိုလို့ လုံးဝကို အသားမစားဘဲ နေပါတယ်။ ဒါပေမဲ့ ဝမ်းကချုပ်နေတုန်းပါပဲ။ တက်စာတွေကိုလဲ ရှောင်ပါတယ်ဆရာ။

ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သင်္ဘောသီးမှည့်တွေက ဝမ်းသက်စေတာ မှန်တယ်။ Pur-gatives ဝမ်းနုတ်ဆေးကို တခါတလေသာ အားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင် အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေးတလွဲသုံးတယ် Abuse of laxatives ဆိုတာရှိတယ်။ မလိုဘဲနဲ့ ဝမ်းနုတ်ဆေးသောက်နေရာကနေ အူမကြီးက “အပျင်းရောဂါ”ရပြီး ဆေးမသောက်ဘဲ ဝမ်းကမသွားချင်တော့ဘူး ဖြစ်မယ်။

“ကလေးငယ်တွေ ဝမ်းချုပ်ရင် ဝမ်းနုတ်ဆေးမလိုပါ။ ရေပိုတိုက်ပေးပါ။ အရွယ်အရ အသီးကျွေးပါ။ မန်ကျီးမှည့်ဖျော်ရည် တိုက်ပါ။ ဝမ်းချူတောင့်အနေတော် ဝယ်လို့ရပါမယ်။ စအိုထဲထည့်ပေးရုံပါ။ ဝမ်းဆွဲဆရာ မရှိရင် ဝမ်းချူပေးပါ။ ကိုယ်တိုင်လဲ ဆပ်ပြာတောင့်လေးရေဆွတ်ပြီး အနေတော် ထည့်ပေးနိုင်ပါတယ်။”

ဆရာဝန်တွေ ညွှန်တတ်တဲ့ Stimulant Laxatives တွေက Cascara, Buckthorn, Senna extract (ပွေးကိုင်း)၊ Aloe vera, Phenolph-thalein, Dulcolax (Bisacodyl) ဆေးတွေ ဖြစ်တယ်။ Dulcolax (Bisacodyl) Suppository တွေက ဝမ်းချူတောင့်ဖြစ်တယ်။ Liquid Puraffin, Microlax enema နဲ့ Castor Oil (ကြက်ဆူဆီ) တွေကလဲ ဝမ်းခြူလို့ရတယ်။ စားတဲ့အစားအသောက်၊ အသက်အရွယ်၊ လှုပ်ရှားမှုတွေကနေ ဝမ်းသွားတာကို သက်ရောက်တယ်။ စိတ်ဖိအားများနေလို့ ဝမ်းချုပ်နိုင်တယ်။ “ဝမ်းနည်းရင် ဝမ်းနုတ်ဆေးတိုက်မယ်”ဆိုတာ ရီစရာပြောကြတာပေမယ့် စိတ်ညစ်-စိတ်ရှုပ်ရင် ဝမ်းချုပ်နိုင်တယ်။ Narcotic-type pain killers (ကိုဒင်း) စတဲ့ မူးယစ်စေတာပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ Iron supplements သံဓာတ်ဆေး၊ Blood pressure သွေးကျဆေးတချို့ကနေလဲ ဝမ်းချုပ်စေနိုင်တယ်။

Persistent, chronic constipation ရက်ရှည် ဝမ်းချုပ်နေရင် ဆေးစစ်ဖို့ လိုနိုင်တယ်။ Irritable bowel syndrome အူရောဂါ၊ Colorectal cancer အူ-ကင်ဆာ၊ Diabetes ဆီးချို၊ Parkinson’s disease (ပါကင်ဆန်) ရောဂါ၊ Multiple sclerosis (စကယ်လ်ရိုးဆစ်)ရောဂါ၊ Under-active thyroid gland လည်ပင်းကြီးရောဂါ တမျိုးနဲ့ Depression စိတ်ကျရောဂါတွေဖြစ်မလား သိအောင်လုပ်သင့်တယ်။Chronic constipation ရက်ရှည်ဝမ်းချုပ်ရင် အလုပ်ပျက်၊ စိတ်ပျက်၊ အစားပျက်ဖြစ်နိုင်တယ်။ ဗိုက်ကယ်နေမယ်။ ဝမ်းညှစ်ရလို့ စအိုကွဲနာ၊ လိပ်ခေါင်းဆက်ဖြစ်နိုင်တယ်။ ၇ ရက်တပတ်မှာ ဝမ်း ၃ ခါမသွားသူ ၃၀% ရှိတယ်။ ဗမာပြည်မှာ ဝမ်းနုတ်ဆေး ရောင်းကောင်းသလို အမေရိကန်တွေလဲ တနှစ်မှာ ဒေါ်လာသန်း ၇၀ဝ ဘိုးမက ရောင်းရတယ်။

Constipation ဝမ်းချုပ်တယ်ဆိုတာ အူမကြီးကနေ ရေကို ပိုစုပ်ယူလိုက်လို့ ဝမ်းကမာသွားရပြီး အောက်ဆက်ဆင်းရမှာကို တားသလိုဖြစ်လို့ ဖြစ်တယ်။ ဝမ်းမသွားတာ ကြာလေလေ ဝမ်းက ပိုမာလေလေဖြစ်မယ်။ High-fiber foods (ဖိုင်ဘာ) များတဲ့ အစားအစာတွေ စားခိုင်းတယ်။ Fruit အသီးအနှံ၊ Vegetables အသီးအရွက်၊ Whole grain bread အခွံမချွတ်ဘဲ အနှံတွေနဲ့လုပ်တဲ့ ပေါင်မုန့်၊ Meat အသား၊ Cheese ဒိန်ခဲ၊ Eggs ဥတွေဖြစ်တယ်။ တနေ့ကို ဖိုင်ဘာ 30g စားသင့်တယ်။ တနေ့ ရေ ဂ ခွက်သောက်ပါ။ Fizzy drinks အချိုရည်တွေ၊ (ကေဖင်း)ပါတာတွေ မသောက်ပါနဲ့။ နာတာရှည် ဝမ်းချုပ်တာကို Functional constipation လို့ခေါ်တယ်။ Biofeedback training နည်းနဲ့ ကုသပေးနိုင်တယ်။ Sensors တွေ၊ Electrodes တွေ တပ်ဆင်ပေးထားမယ်။ ကိုယ်အပူချိန်၊ ဦးနှောက်အလုပ်၊ နှလုံးခုန်တာ၊ ကြွက်သားအလုပ် စတာတွေကို Feedback ပေးနေမယ်။ ဒါတွေကိုကြည့်ပြီး လူနာဟာ ပြင်စရာတွေ သိလာပြီး Lifestyle လူနေမှုပုံစံကို ပြင်ပေးရမယ်။

ကလေးငယ်တွေဝမ်းချုပ်ရင် ဝမ်းနုတ်ဆေးမလိုပါ။ ရေပိုတိုက်ပေးပါ။ အရွယ်အရ အသီးကျွေးပါ။ မန်ကျီးမှည့်ဖျော်ရည် တိုက်ပါ။ ဝမ်းချူတောင့် အနေတော် ဝယ်လို့ရပါမယ်။ စအိုထဲထည့်ပေးရုံပါ။ ဝမ်းဆွဲဆရာမရှိရင် ဝမ်းချူပေးပါ။ ကိုယ်တိုင်လဲ ဆပ်ပြာတောင့်လေးရေဆွတ်ပြီး အနေတော် ထည့်ပေးနိုင်ပါတယ်။ Ducolax for children ဆိုတာ ဝယ်ရပါတယ်။ ဆီတခုခု Liguid paraffin ကိုလည်း ဆေးထိုးပိုက်နဲ့ ဆီးခြူပိုက်သုံးပြီး ဝမ်းခြူပေးနိုင်ပါတယ်။ အဆင်သင့်ဝယ်လို့ရတဲ့ Sodium phosphates enema လဲရှိတယ်။ အရွယ်အရ အနည်း-အများချိန်ဆပြီး သွင်းပေးပါ။

Most Popular

Healthy Life Ad
To Top