Healthy Life Ad
Health Tips

ဆောင်းတွင်းကာလ အပန်းဖြေခရီးထွက်ရာတွင် ဖျားနာတတ်သည့် အကြောင်းများ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

ဆောင်းတွင်းကာလ အပန်းဖြေခရီးသွားတဲ့အခါ တချို့အပြုအမူတွေက ကိုယ်ခံအားစနစ်ကိုအားနည်းစေပြီး နာမကျန်းမှု ဖြစ်တတ်ပါတယ်။

– အချိုစာတွေ ပိုစားမိလို့ပါ

အပန်းဖြေခရီးသွားတဲ့အခါ ယူဆောင်သွားလေ့ရှိတဲ့ သကြားပါတဲ့မုန့်တွေ၊ ကွတ်ကီးတွေနဲ့ အချိုရည်တွေက ခါးအတိုင်းအတာကို ထိခိုက်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ သကြားများများ စားတာ ကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်းလည်း လျော့ကျသွားတတ်ပါတယ်။ အကြောင်းကတော့ သကြားစားတာကြောင့် သွေးဖြူဥတွေရဲ့ ရောဂါပိုးတွန်းလှန်နိုင်စွမ်းကို လျော့ကျသွားစေလို့ ဖြစ်ရတာပါ။ ဒါကြောင့် အပန်းဖြေခရီးသွားမယ်ဆိုရင် သကြားပါဝင်မှုနည်းတဲ့ မုန့်ပဲသရေစာတွေကို ရွေးချယ်သင့်ပါတယ်။

– ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်လို့ပါ
လေအေးတွေက သင့်ကို နာမကျန်းမှုမဖြစ်စေနိုင်ပေမယ့် ခြောက်သွေ့အေးမြတဲ့ ဆောင်းလေဟာ ကူးစက်ပိုး ဝင်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ စိုစွတ်တဲ့ အမြှေးပါးမှာထက် ခြောက်သွေ့တဲ့အမြှေးပါးမှာ ပွားများနှုန်း ပိုများတတ်လို့ပါ။ ညဘက်အိပ်ရာဝင်တဲ့အခါ အခန်းတွင်း စိုထိုင်းဆ များစေတဲ့ စက်ကိုဖွင့်ပါ၊ ရေများများ သောက်ပါ၊ အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။ ခြောက်သွေ့ယားယံတဲ့ အရေ ပြားကို ကုတ်ခြစ်တာက သင့်ခန္ဓာကိုယ်ထဲကို ပိုးမွှားတွေဝင်ရောက်လာအောင် ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။

– အိပ်စက်မှုအချိန်ဇယားကို ပြောင်းလိုက်လို့ပါ
ခရီးသွားတဲ့အခါ ညဉ့်နက်မှအိပ်ရာဝင်ပြီး မနက်ဆိုရင် နေမြင့်မှအိပ်ရာထတဲ့ အကျင့်ဖြစ်သွားတတ်ပါတယ်။ ဒီလို အိပ်စက်ချိန်အပြောင်းအလဲကြောင့် တချို့လူတွေမှာ ခေါင်းကိုက်စေနိုင်ပါတယ်။

– လှုပ်ရှားမှု နည်းသွားလို့ပါ
ခရီးသွားတဲ့အခါ ကားစီးတာများပြီး အပြင်ထွက်နှုန်းနည်းရင် နေရောင်ခြည်နဲ့ထိတွေ့မှုမရှိတဲ့အတွက် ကိုယ်ခံအားစနစ် ပိုမိုအားနည်းစေနိုင်ပါတယ်။ ဗီတာမင်ဒီက ကိုယ်ခံအားဆဲလ် ထုတ်လုပ်မှုအားပေးတဲ့အတွက် နာမကျန်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– ဓာတ်မတည့်မှုကြောင့် မကြာခဏနှာချေလို့ပါ
အားလပ်ရက်အပန်းဖြေခရီးထွက်တဲ့အခါ တချို့သစ်ပင်တွေနဲ့ထိတွေ့ရင် ဓာတ်မတည့်မှုဖြစ်ရာက နှာချေနိုင်ပါတယ်။

– ဈေးဝယ်ထွက်တာ များသွားလို့ပါ
အားလပ်ရက်အပန်းဖြေခရီးသွားတဲ့အခါ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို ထိတွေ့မှုများပြီး ဘက်တီးရီး ယားပိုးတွေ ကူးစက်ရာက နာမကျန်းမှုဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ သွားလာတဲ့အခါ လက်ဆေးပါ၊ ဒါမှမဟုတ် ရေမလိုတဲ့လက်ဆေးဆပ်ပြာရည်သုံးပါ။
(Ref;RD)

Most Popular

Healthy Life Ad
To Top