Healthy Life Ad
Health Tips

နောက်တစ်ခါ နာမကျန်းမှု ထပ်မံမဖြစ်စေရန်

———၊ ငွေကြယ်စင်ယံ ၊———

ခေါင်းကိုက်ခြင်း

ငါး (ပရိုတင်းဓာတ်) – ငါးအဆီက ခေါင်းကိုက်ဝေဒနာမရအောင် ကာကွယ်ပေးနိုင်တဲ့အတွက် ငါးများများစားပါ။ ချင်း(ဂျင်း)မှာလည်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေတဲ့အစွမ်းရှိပါတယ်။

ရာသီအပြောင်းအလဲကြောင့်ဖျားခြင်း

ဒိန်ချဉ် – ရာသီအပြောင်းအလဲမဖြစ်ခင် ဒိန်ချဉ်များများသောက်ပါ။

လေဖြတ်ခြင်း

လက်ဖက်ရည် – လက်ဖက်ရည်ပုံမှန်သောက်တာ ကြောင့် သွေးလွှတ်ကြောနံရံတွေပေါ် မှာအဆီတွေ စုပုံတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အိပ်မပျော်ခြင်း

ပျားရည် – စိတ်တည်ငြိမ်ဖို့နဲ့ အိပ်ပျော်ဖို့ ပျားရည်ကို အသုံးပြုပါ။

ပန်းနာရင်ကျပ်ရောဂါ

ကြက်သွန်နီ – ကြက်သွန်နီစားတာကြောင့် လေပြွန်ပိတ်ဆို့မှုကို လျော့ကျစေပါတယ်။

အဆစ်ရောင်န

ငါး – ဆယ်လ်မွန်၊ တူနာ၊ မက်ကရယ်နဲ့ ဆာဒင်းအစရှိတဲ့ ငါးသေတ္တာငါးတွေက အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဗိုက်အောင့်ခြင်း

ငှက်ပျောသီး၊ ချင်း (ဂျင်း) – ငှက်ပျောသီးက ဗိုက်အောင့်တဲ့ဝေဒနာကို သက်သာစေပြီး ချင်း(ဂျင်း)က ပျို ့ချင်အန်ချင်တဲ့ ဝေဒနာကို ကုသပေးနိုင်ပါတယ်။

ဆီးအိတ်ပိုးဝင်ရောင်ရမ်းခြင်း

ခရင်မ်ဘယ်ရီဖျော်ရည် – အက်စစ်ဓာတ်ပါဝင်မှုများတဲ့ ခရင်မ်ဘယ်ရီဖျော်ရည်ဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို ထိန်းချုပ်နိုင်ပါတယ်။

အရိုးပြဿနာများ

နာနတ်သီး – အရိုးအက်တာနဲ့ အရိုးပါးရောဂါတွေကို နာနတ်သီးမှာပါတဲ့ မဂ္ဂနိစ်နဲ့ ကာကွယ်နိုင်ပါတယ်။

မှတ်ဉာဏ်ပြဿနာမျာ

ကမာကောင် – ကမာကောင်တွေမှာ ဇင့်(သွပ်)ဓာတ်များများ ပါဝင်တဲ့အတွက် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ချောင်းဆိုးခြင်း

အနီရောင်ငရုတ်သီး – ချောင်းဆိုးပျောက်ဆေးရည်မှာတွေ့ရတဲ့ ဒြပ်ပေါင်းတစ်မျိုးနဲ့ အနီရောင်ငရုတ်သီးမှာပါတဲ့ ဒြပ်ပေါင်းက ဆင်တူပါတယ်။

ရင်သားကင်ဆာ

ဂျုံ၊ ဖွဲနု၊ ဂေါ်ဖီထုပ် – ဂျုံ၊ ဖွဲနုနဲ့ ဂေါ်ဖီထုပ်တွေက အီစထရိုဂျင်ဟော်မုန်းကို ကောင်းမွန်တဲ့အဆင့်မှာ ထိန်းထားပေးပါတယ်။

အဆုတ်ကင်ဆာ

လိမ္မော်သီး၊ အစိမ်းရောင်ဟင်း သီးဟင်းရွက်များ – လိမ္မော်သီးနဲ့ အစိမ်းရောင်ဟင် သီးဟင်းရွက်တွေမှာ တွေ့ရတဲ့ ဘီတာကယ်ရိုတင်းဟာ အဆိပ်ဖြေဆေးကောင်းတစ်လက် ဖြစ်ပါတယ်။

အနာများ

ဂေါ်ဖီထုပ် – ဂေါ်ဖီထုပ်မှာပါတဲ့ ဓာတ်တွေက အစာအိမ်အနာတွေကို အနာကျက်မြန်စေပါတယ်။

ဝမ်းလျှောခြင်း

ပန်းသီး – ပန်းသီးကို အခွံမခွာဘဲ ရေစင်အောင်ဆေးပြီး စားတာကြောင့် ဝမ်းလျှောတာကို သက်သာစေပါတယ်။

သွေးကြောပိတ်ဆို့ခြင်း

ထောပတ်သီး – ထောပတ်သီးမှာပါတဲ့ မိုနိုမပြည့်ဝဆီက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

သွေးတိုးခြင်း

သံလွင်ဆီ၊ တရုတ်နံနံ – သံလွင်ဆီနဲ့ တရုတ်နံနံက သွေးတိုးကို ထိန်းပေးပါတယ်။

သွေးတွင်းသကြားဓာတ် ဟန်ချက်မညီခြင်း

ပန်းဂေါ်ဖီစိမ်း၊ မြေပဲ – ပန်းဂေါ်ဖီစိမ်းနဲ့ မြေပဲထဲမှာပါတဲ့ ခရိုမီယမ်သတ္တုဓာတ်ဟာ အင်ဆူလင်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

Most Popular

Healthy Life Ad
To Top