Healthy Life Ad
Health Tips

ဖျားနာချိန် အမြန်ဆုံး ပြန်လည်သက်သာလာစေရန် အနားယူနည်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နာမကျန်းဖြစ်နေတဲ့အခါ အနားယူဖို့ လိုအပ်နေပါတယ်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေချိန်မှာ စိတ်ခံစားမှု ကောင်းမွန်ပါမှ အမြန်ဆုံး ပြန်လည်သက်သာလာမှာဖြစ်လို့ပါ။

(၁) သင်အနားယူမယ်ဆိုရင် တိတ်ဆိတ်ငြိမ်သက်ပြီး လေကောင်းလေသန့်ရရှိတဲ့ အခန်းထဲမှာ အိပ်ရာပေါ်လှဲလျောင်းရင်း အနားယူပေးပါ။ တီဗီကြည့်ရတာ သဘောကျရင် တီဗီရှိတဲ့အခန်းထဲမှာ အနားယူပါ။

(၂) သင့်အိပ်ရာဘေးမှာ ရေဖန်ခွက်၊ တစ်သျှူးဘူး၊ ဆေးဝါး စတာတွေကို အဆင်သင့်ထားရှိပါ။ လိုအပ်လာရင် အမြန်ဆုံး အသုံးပြုနိုင်ပါမှ စိတ်အေးချမ်းမှုရှိနေမှာပါ။

(၃) သင့်အတွက် သင့်တော်တဲ့ ဖျော်ရည်ကို ကြိုတင်ပြင်ဆင်ထားပါ။ ချောကလက်ပူပူ၊ နွားနို့ စတာတွေက အားအင်ပြည့်ဝကာ အပန်းပြေစေပါတယ်။ ကဖင်းဓာတ်ပါတဲ့ အရည်ကတော့ အိပ်ရေးပျက်စေတာကြောင့် ရှောင်သင့်ပါတယ်။

(၄) ဟာသဇာတ်လမ်းတို ဒါမှမဟုတ် သင့်အတွက် ကြည်နူးဖွယ်ရာ ဇာတ်လမ်းကိုကြည့်ပါ။ ဒါမှ စိတ်ပျော်ရွှင်မှုရကာ ဝေဒနာသက်သာစေမှာပါ။

(၅) သင်လိုအပ်တဲ့ စာအုပ်၊ တီဗီအဝေးထိန်းခလုတ်၊ မဂ္ဂဇင်း၊ ချောင်းဆိုးသက်သာစေတဲ့ ငုံဆေး၊ ပေါ့ပေါ့ပါးပါးစားနိုင်တဲ့ သရေစာနဲ့ တစ်သျှူးတွေကို ဘေးနားမှာ ဆောင်ထားပါ။

(၆) ကြက်သီးနွေးရေနဲ့ ရေချိုးတာ၊ ခြေသည်း၊ လက်သည်းညှပ်ပြီး အရောင်ဆိုးတာ စတာတွေ ပြုလုပ်ပြီး စိတ်ရွှင်လန်းအောင် နေထိုင်ပါ။

(၇) နာမကျန်းဖြစ်နေချိန်မှာ မကြာခဏ တစ်ရေးအိပ်စက်ကာ အနားယူပါ။

Tips!

• အထီးကျန်တာကြောင့် နာမကျန်းမှုကို ပိုဆိုးစေနိုင်တဲ့အတွက် သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အတူနေပါ။

• ဘယ်လောက်ပဲ နေမကောင်းဖြစ်နေပါစေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်အောင် ထိန်းသိမ်းကာ လှပကြည့်ကောင်းအောင် ပြင်ဆင်ပါ။

• အဆင်သင့်အစာတွေကို အလွန်အမင်း မစားပါနဲ့။

• သီချင်းနားထောင်ပါ။ သင့်ကို အပန်းပြေစေပါတယ်။

သတိပြုရန်

ကောင်းကောင်းအိပ်မောကျပါမှ အားပြည့်လန်းဆန်းကာ အမြန်သက်သာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို လုံးဝရှောင်ရပါမယ်။

Most Popular

Healthy Life Ad
To Top