Healthy Life Ad
Health Tips

ဆောင်းတွင်းကာလ ဖျားနာခြင်း ကင်းအောင်

မိမိုး ( ဆေးဝါးတက္ကသိုလ် )

လက်ဆေးပါ၊ လက်တွေကို သေချာဆေး ကြောသန့်စင်ပါ။

အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

စိတ်ကျရောဂါ ဝေဒနာလက္ခဏာတွေကို စောင့်ကြည့်ပြီး အလွန်အမင်း ဝမ်းနည်းတာ၊ အလွန်အမင်း နုံးချည့် ညောင်းညာတာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ချင်တဲ့ စိတ်ဖြစ်ပေါ်တာစတာတွေရှိလာရင် ဆေးကုသမှုကို ချက်ချင်းခံယူပါ။

စားသောက်တဲ့ အိုးခွက်ပန်းကန်တွေနဲ့ အစားအသောက်တွေကို တခြားသူနဲ့မျှဝေမစားပါနဲ့။

အိမ်ထဲက မီးသီး၊ မီးချောင်းတွေကို စစ်ဆေးကြည့်ပါ။ အသက်ကြီးသူတွေက မီးရောင် ကောင်းကောင်းမမြင်ရတဲ့ အခြေအနေမှာ ချော်လဲကျနိုင်ခြေများလို့ ဖြစ်ပါတယ်။

ခြေသုတ်ဖုံနဲ့ ကြမ်းခင်းတွေကို စုတ်ပြဲနေသလားဆိုတာ သေချာကြည့်ပါ။ စိုစွတ်နေရင် လမ်းလျှောက်တဲ့အခါ ချော်လဲနိုင်ခြေ များလို့ဖြစ်ပါတယ်။

ရေချိုးခန်းထဲက ကြမ်းပြင်က စိုစွတ်နေရင် ချော်လဲနိုင်ခြေများတဲ့အတွက် အတွင်းနဲ့ အပြင်မှာ ဖျာကြမ်းတစ်ခုချထားပါ။

အပြင်မှာအေးရင်တောင် ဖြစ်နိုင်ရင် အိမ်ထဲမှာဖြစ်ဖြစ် လေ့ကျင့်ခန်းကို ဆက်လုပ်ပေးပါ။ ဒါပေမဲ့ပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုမလုပ်ပါနဲ့။

အချိုနဲ့အဆီအအိမ့်နည်းပြီး အာဟာရဓာတ် ပြည့်ဝတဲ့ အစားအသောက်ကိုများများစားပါ၊ ရေဓာတ်ပြည့်ဝ အောင်နေထိုင်ပါ။ ဆောင်းတွင်းမှာ တစ်နေ့ရေငါးဖန်ခွက်တော့သောက်ဖို့လိုပါတယ်။

လမ်းတွေက ချော်လဲနိုင်တဲ့အတွက် သင့်တော်တဲ့ ဖိနပ်အမျိုးအစားကို ပြောင်းစီးပါ။

အသားစိမ်းတွေနဲ့ သစ်သီးဝလံတွေကို ဘယ်တော့မှရောမထားပါနဲ့။ အသားလှီးတဲ့ စဉ်းတီတုံးနဲ့ ဟင်းသီးဟင်းရွက်လှီးတဲ့ စဉ်းတီတုံးကို သီးသန့်စီထားပါ။

Most Popular

Healthy Life Ad
To Top