Healthy Life Ad
Life Style

ဆောင်းရာသီမှာ ပြောင်းလဲသွားတဲ့ ကျန်းမာရေး

——–၊ ငွေကြယ်စင်ယံ ၊———

ဆောင်းရာသီရောက်လာတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ပြောင်းလဲမှုလေးတွေကို ရေးသားလိုက်ရပါတယ်။

♦ ရေဓာတ်ခမ်းခြောက်နိုင်ခြေ များပါတယ်

ပူပြင်းတဲ့ နွေရာသီမှာ ရေအလုံအလောက်သောက်ဖို့ လိုအပ်တယ်ဆိုတာ သိတဲ့အတွက် ရေကို မကြာခဏ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာတော့ ရေကို သတိထားသောက်နှုန်း လျော့ကျသွားသလို အေးမြခြောက်သွေ့တဲ့လေက သင့်ကို ရေဓာတ်ခမ်းခြောက်အောင် လုပ်ဆောင်နေပါတယ်။ ခြောက်သွေ့တဲ့ အခန်းထဲနေတဲ့အခါ အေးမြတဲ့ ဆောင်းရာသီမှာ ရေကို ပိုသောက်သင့်ပါတယ်။

♦ လေ့ကျင့်ခန်းလုပ်ရင် ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်ပါတယ်

အေးမြတဲ့ ဆောင်းရာသီမှာ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က စွမ်းအင်ပိုကုန်ဆုံးပြီး ကယ်လိုရီများများ လောင်ကျွမ်းနိုင်ပါတယ်။ နေ့စဉ် လမ်းမလျှောက်လိုတာကြောင့် ရာသီဥတုအေးလွန်းတယ်ဆိုတဲ့ ဆင်ခြေကို မသုံးသင့်ပါဘူး။ ကယ်လိုရီများများ လောင်ကျွမ်းစေနိုင်တာကြောင့် ဆောင်းရာသီမှာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။

♦ ဆောင်းရာသီမှာ စိတ်ဓာတ်ကျနိုင်ခြေ ပိုများပါတယ်

ဆောင်းရာသီမှာ ရာသီဥတုအုံ့မှိုင်းတာကြောင့် စိတ်ဓာတ်ကျဝေဒနာလို ခံစားချက်မျိုး ဖြစ်ပေါ်တတ်ပြီး အိပ်မပျော်တာ၊ အာရုံစူးစိုက်နိုင်စွမ်း မရှိတာနဲ့ စိတ်တိုစိတ်ဆတ်တာတို့လို ဝေဒနာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဆောင်းရာသီမှာ တစ်နေ့ ၂၀ မိနစ်လောက် နေခြည်နုနုနဲ့ ထိတွေ့ပေးရင် စိတ်ဓာတ်ကျဝေဒနာ သက်သာလျော့ပါးစေပါတယ်။

Most Popular

Healthy Life Ad
To Top