Healthy Life Ad
Health Tips

ဆောင်းတွင်းကာလမှာ တမိသားစုလုံး ကျန်းမာနေစေမည့် နည်းလမ်း ၅ ရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တချို ့ဒေသတွေမှာ ဆောင်းသရုပ်က ပီပြင်လို့လာပါပြီ။ ဆောင်းရဲ ့အအေးဒဏ်နဲ့အတူ အအေးမိ၊ တုပ်ကွေး၊ အဆစ်ကိုက်တာလေးတွေ ဖြစ်တတ်တဲ့အပြင် ကိုဗစ်အန္တရာယ်ကလည်း ကြောက်ရပါသေးတယ်။ ဒါကြောင့် ဒီဆောင်းကို ကျန်းကျန်းမာမာနဲ့ ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ အကြံပေးပါရစေ။

(၁) အိပ်ရေးဝဝအိပ်ပါ

အရင်က အိပ်ချိန်ကို သိပ်ဂရုမစိုက်ခဲ့ရင်တောင် ဆောင်းတွင်းမှာ အိပ်ရေးဝဝအိပ်ပျော်ဖို့ အလေးထားပေးပါဦး။ ပိုအေးလာတာနဲ့အမျှ ခန္ဓာကိုယ်က အိပ်ချိန်ပိုပေးဖို့ လိုအပ်လာပါတယ်။ ခါတိုင်းထက် မိနစ် ၃၀ လောက်စောပြီး အိပ်ရာဝင်ပေးပါ။ အိပ်ရေးပျက်ရင် နာမကျန်းမှု ဖြစ်လွယ်လို့ပါ။

(၂) သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားမှုလုပ်ပေးပါ

စောင်ခြုံပြီး တစ်ချိန်လုံး နေမနေပါနဲ့နော်။ ဘယ်လောက်အေးအေး၊ ခန္ဓာကိုယ်သွေးလှည့်ပတ်မှု ကောင်းစေဖို့ ၁၅ မိနစ်-မိနစ် ၃၀ လောက် ခပ်သွက်သွက်လမ်းလျှောက်တာ၊ ကြိုးခုန်တာတို့ လုပ်ပေးပါ။ နေရောင်ခြည်လေး ဖြာကျနေတဲ့နေရာမျိုးမှာ လေ့ကျင့်ခန်းလေး လုပ်ပေးရင် ပိုကောင်းပါတယ်။ သွေးလှည့်ပတ်မှုကောင်းတဲ့အပြင် စိတ်ခံစားမှုလည်းကောင်းပြီး စွမ်းအင်လည်း ပိုရှိစေလို့ပါ။

(၃) လူတွေနဲ့ အွန်လိုင်းကနေ ထိတွေ ့ပါ

အရင်လို အပြင်မှာဆုံတွေ ့ဖို့ သိပ်မကောင်းတော့ဘူးမဟုတ်လား။ အွန်လိုင်းမှာဆုံတွေ့ပြီး စကားပြောတာ၊ ငယ်စဉ်က အမှတ်တရလေးတွေ ပြန်ပြောတာတွေက အထီးကျန်တာကို လျော့စေပါတယ်။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် ပြောပေးတာက ဆောင်းတွင်းမှာဖြစ်တတ်တဲ့ စိတ်ထိုင်းမှိုင်းတာကို လျော့စေတာပေါ့။

(၄) အသားများများစားပါ

ပရိုတင်းဓာတ်ရအောင် အသားများများစားပေးတာက ဆောင်းတွင်းမှာ ကိုယ်ခံအားမြင့်တက်စေပါတယ်။ ကြက်စွပ်ပြုတ်ပူပူလေးထဲ ရာသီပေါ် ဟင်းသီးဟင်းရွက်လေးတွေခတ်ပြီး မကြာမကြာ စားပေးပါနော်။

(၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ

အရည်ရွှမ်းတဲ့သစ်သီးနဲ့ ရောင်စုံဟင်းသီးဟင်းရွက်တွေကို များများစားပေးတာက ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။

Most Popular

Healthy Life Ad
To Top