Healthy Life Ad
Health Tips

ဆောင်းနံနက်ခင်းကို ပျော်ရွှင်တဲ့ စိတ်နဲ့ ကြိုဆိုရအောင်

လရိပ်မေ
ဆောင်းတွင်းမှာ မနက်စောစောထရမယ်ဆိုရင် ရာသီဥတုအေးအေးနဲ့ အိပ်ရာထဲကွေးနေချင်တဲ့အတွက် ကျွန်မ အပါအဝင် လူအများစုက စိတ်မကြည်မသာဖြစ်ကြတတ်ပါတယ်။ တကယ်တော့ နံနက်ခင်းအချိန်ကာလမှာ ပျော်ရွှင်ပြီး အကောင်းမြင်တဲ့ စိတ်ရှိနေမှ တစ်နေ့လုံး အလုပ်တွင်ကျယ်ကာ ပြီးမြောက်အောင်မြင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် နံနက်ခင်း နိုးစက်မြည်ချိန်မှာ ပျော်ရွှင်တဲ့စိတ်နဲ့ ကြိုဆိုနိုင်မယ့် နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။
ဖုန်းမကလိပါနှင့်
အိပ်ရာထပြီး ၁၅ မိနစ်အတွင်း ဖုန်းကလိတာ၊ အီးမေးစစ်တာ၊ ဖေ့စ်ဘွတ်ခ် သုံးတာတို့မလုပ်ပါနဲ့။ ဖုန်းနဲ့ နိုးစက်ပေးထားရင်တောင် ပိတ်ပြီးတာနဲ့ ဖုန်းကို နေရာတကျ ပြန်ထားလိုက်ပါ။
အိပ်ရာမှ ဖြည်းဖြည်းချင်း ထပါ
အိပ်ရာကနေ အလောတကြီးထတာ၊ ကုန်းရုန်းထတာနဲ့ ခုတင်ပေါ်က ပြေးဆင်းတာတို့မလုပ်ပါနဲ့။ ခါးနာဝေဒ နာရတတ်လို့ပါ။ အိပ်ရာကနေ ဖြည်းဖြည်းချင်းထပေးပါ။
ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပါ
တစ်ညလုံးမှာ နာရီပေါင်းများစွာ သင့်ခန္ဓာကိုယ်ကို မလှုပ်ရှားခဲ့တဲ့အတွက် တောင့်တင်းနေတတ်ပါတယ်။ သွေးပူ လေ့ကျင့်ခန်းလုပ်ပေးပါ။ အဲဒီအခါ သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားတွေလည်း ပျော့ပျောင်းသွားပါလိမ့် မယ်။
တရားထိုင်ပါ
တရားထိုင်တာကြောင့် စိတ်တည်ငြိမ်ကာ ဖိစီးမှုလျော့ကျစေပါတယ်။ တစ်နေ့တာ ဘဝအမောတွေ မကြုံဆုံရ သေးခင် တရားထိုင်လိုက်တာကြောင့် စိတ်ဓာတ်ခိုင်မာ သန်စွမ်းလာစေပါတယ်။ မိနစ်အနည်းငယ်ကြာ တရား ထိုင်ပေးလိုက်ရင် စိတ်ခံစားမှု ကောင်းမွန်သွားပါလိမ့်မယ်။
သံပရာရည်တစ်ခွက်သောက်ပါ
ကြက်သီးနွေးရေတစ်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး မော့သောက်လိုက်ပါ။ စွမ်းအင်တိုးပြီး လည်ချောင်းနဲ့ ခံတွင်းရှင်းသွားစေပါတယ်။
အချိန်ဇယား ရေးဆွဲပါ
တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပါသလား။ ဘယ်အချိန်မှာ ဘာ လုပ်မယ်၊ ဘယ်အချိန်မှာ အနားယူမယ်ဆိုတာ ချရေးလိုက်ပါ . . အလုပ်တစ်ဝက်ပြီး မြောက်သွားသလိုခံစားရ ပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးသွက်လက်နေပါလိမ့်မယ်။
Ref: HD

Most Popular

Healthy Life Ad
To Top