Healthy Life Ad
Health Tips

ဦးရေပြားကို နှိပ်နယ်ခြင်းကြောင့် ရရှိနိုင်သည့် ကောင်းကျိုးများ

မိမိုး( ဆေးဝါးတက္ကသိုလ် )
ခေါင်းလျှော်ရင်း ဦးရေပြားကို နှိပ်နယ်လိုက်တာကြောင့် နေလို့ထိုင်လို့ ပေါ့ပါးသွားပါတယ်။ ဦး ရေပြားကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလိမ်းပြီး နှိပ်လိုက်တဲ့အခါ စိတ်ဖိစီးမှုလျော့ပါးတဲ့အပြင် စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
(၁) ဦးရေပြားတွင်း သွေးလှည့်ပတ်ရောက်ရှိမှု ကောင်းမွန်စေနိုင်
ဦးရေပြားက ိုနှိပ်နယ်တာကြောင့် ဆံပင်အရင်းတွေဆီ အာဟာရဓာတ် အမြန်ရောက်ရှိစေပြီး  ဦးရေပြားမှာ တင်းအား လျော့ကျသွားပါတယ်။ အရေပြားဆဲလ်သေတွေ ကင်းစေပြီး ဆီကြည်ထွက်ရှိစေပါတယ်။
(၂) ဆံပင်ကျန်းမာသန်စွမ်းစေနိုင်
ဦးခေါင်းကို နှိပ်နယ်ပေးတာကြောင့် ဦးရေပြားမှာ သွေးလှည့်ပတ်ရောက်ရှိမှု အားကောင်းစေပြီးဆံပင် သန်စွမ်း ကြီးထွားစေပါတယ်။ ဦးရေပြားကို ထပ်ခါထပ်ခါနှိပ်ပေးတာကြောင့် ဆံပင်အရင်းကို သန်စွမ်းစေပြီး ဆံပင်ထူထဲ လာစေပါတယ်။
(၃) ဗောက်မဖြစ်စေရန် ကာကွယ်နိုင်
ဦးရေပြားကို ဆီလိမ်းပြီး နှိပ်တဲ့အခါ ဗောက်မထအောင် ကာကွယ်နိုင်ပါတယ်။ ဦးရေပြားကို နှိပ်ပေးတာကြောင့် ဦးရေပြားယားယံတဲ့ ဝေဒနာသက်သာသွားပြီး ဗောက်မဖြစ်တော့ပါဘူး။
(၄) နေထိုင်ကောင်းစေနိုင်
ဦးရေပြားကို နှိပ်နယ်ပေးတာကြောင့်ခန္ဓာကိုယ် ထဲမှာ ဆီရိုတိုနင်နဲ့ ဒိုပါမင်းအဆင့် မြင့်တက်စေပြီး စိတ်ခံစားမှုကောင်းမွန်လာပါတယ်။ ဦးရေပြားကို နှိပ်ပေးတာက ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်အဆင့် ၂၈ ရာခိုင်နှုန်းနဲ့ ဒိုပါမင်းဓာတ် ၃၁ ရာခိုင်နှုန်း မြင့်တက်လာစေပါတယ်။
(၅) အိပ်ရေးဝစေနိုင်
လေ့လာမှုအရ ဦးရေပြား နှိပ်နယ်ထားပြီးချိန်မှာ အိပ်မပျော်တဲ့ ဝေဒနာသက်သာစေတယ်လို့သိရပါတယ်။ ဦးရေပြားကို ပုံမှန်နှိပ်ပြီးတဲ့အခါ အိပ်စက်မှုအရည်အသွေး သိသိသာသာတိုးတက်လာပါတယ်။
(၆) စွမ်းအင်တိုးစေနိုင်
ဦးရေပြားကိုနှိပ်ပေးတာကြောင့် နုံးချည့်ညောင်းညာနေသူတွေ ပိုပြီး စွမ်းအင်တိုးလာစေပါတယ်။
(၇) ခေါင်းကိုက်ဝေဒနာ သက်သာစေနိုင်
ဖိစီးမှုကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရသူတွေ ဦးရေပြားနှိပ်နယ်လိုက်တဲ့အခါ ခေါင်းကိုက်တဲ့ ဝေဒနာ ချက်ချင်း သက်သာသွားတတ်ပါတယ်။ နဖူးနဲ့ နားထင်နေရာတွေကိုပါ ညင်ညင်သာသာ နှိပ်ပါ။
(၈) ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာစေနိုင်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိသူတွေမှာ ဦးရေပြားကို နှိပ်နယ်တာကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာ သက်သာစေနိုင်ပါတယ်။ လေ့လာမှုအရ ခေါင်းတစ် ခြမ်းကိုက်ဝေဒနာရှိပြီး ပုံမှန် အနှိပ်ခံသူတွေက ပုံမှန် အနှိပ်မခံသူတွေထက် ကိုက်ခဲနာကျင်မှု ဝေဒနာ ၇၁ ရာခိုင်နှုန်း လျော့ပါးစေတယ်လို့ သိရပါတယ်။
(၉) မျက်စိညောင်းညာမှု သက်သာစေနိုင်
ဦးရေပြားနဲ့ နဖူးပြင်ကို နှိပ်နယ်တာကြောင့် မျက်နှာအသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ဒါ့အပြင် မျက်စိကို အနားရစေတဲ့အတွက် နာတာရှည် မျက်စိညောင်းညာတဲ့ ဝေဒနာကို သက်သာစေပါတယ်။
(၁၀) ကိုယ်အပူချိန်ကို ထိန်းချုပ်ပေးနိုင်
ဦးရေပြားကို ရနံ့ဆီလိမ်းပြီး နှိပ်နယ်ပေးတာကြောင့် ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး ကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။
Ref: HD

Most Popular

Healthy Life Ad
To Top