Healthy Life Ad
Health Tips

ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေကြောင့် ဆံကေသာထိခိုက်နေသူတို့ စားသင့်သည့်အစာအာဟာရ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အာဟာရချို ့တဲ့တာ၊ စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းပြောင်းလဲတာ၊ သွေးလှည့်ပတ်မှုမကောင်းတာ၊ သိုင်းရွိုက်ပြဿနာဖြစ်တာနဲ့ ဆံပင်ကို ဓာတုပစ္စည်းနဲ့ ထိတွေ့လွန်းတာတို့ကြောင့် ဆံပင်သားအားနည်းခြောက်သွေ့ကာ ဆံပင်ကျွတ်နှုန်းများနေပါသလား။ ဆံပင်သားကျန်းမာသန်စွမ်းပြီး ချောမွေ့စေဖို့အတွက် သင်နေ့စဉ်စားနေတဲ့ အစားအသောက်ထဲ အောက်ပါအစာတွေ ထည့်စားသင့်ပါတယ်။

alignnone size-medium wp-image-63750
ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့အတွက် ဆံပင်သားကို ကျန်းမာစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် ဆံချည်မျှင်အိတ်တွေကို ပွင့်စေပြီး ဆံပင်ကြီးထွားသန်စွမ်းမှုကို အားပေးပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် ချို ့တဲ့တဲ့ လက္ခဏာတစ်ခုက ဦးရေပြားခြောက်သွေ့တာနဲ့ ဆံပင်မွဲခြောက်တာပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-63751
ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်မှာ ဗီတာမင်ဘီ၊ စီနဲ့ အီးတို့အပြင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ ပါဝင်ပြီး အဲဒီဓာတ်တွေအားလုံးက ဆံပင်သားကျန်းမာရေးအတွက် လိုအပ်ပါတယ်။ အထူးသဖြင့် သံဓာတ်ပါဝင်တဲ့အတွက် ဆံချည်မျှင်အိတ်တွေဆီ သွေးနီဥတွေရဲ့ အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာမှာ ပါဝင်ကူညီပေးပါတယ်။

alignnone size-medium wp-image-63752
ပဲနီလေး

ပဲနီလေးမှာ ဇင့်(သွပ်)ဓာတ်နဲ့ ဘိုင်အိုတင်ဓာတ်တို့ ကောင်းကောင်းပါဝင်တဲ့အတွက် ဆံပင်သားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ပရိုတင်းဓာတ်လည်း များစွာပါဝင်ပြီး ပရိုတင်းဟာ ဆံပင်သားအတွက် အရေးကြီး အာဟာရတစ်မျိုးပါ။ ဆံချည်မျှင်တွေကို သန်စွမ်းစေတာကြောင့် ပရိုတင်းပါတဲ့ ပဲနီလေးကို စွပ်ပြုတ်နဲ့ ဟင်းရွက်သုပ်တွေထဲ ထည့်စားသင့်ပါတယ်။

alignnone size-medium wp-image-63753
ကန်စွန်းဥ

ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုး အပြည့်အဝ ပါဝင်နေပါတယ်။ ဘီတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် အေအဖြစ် ကူးပြောင်းသွားပါတယ်။ ဗီတာမင်အေချို့တဲ့တာကြောင့် အရေပြားခြောက်သွေ့ပြီး ဦးရေပြားထိခိုက်ကာ ဗောက်ထနိုင်ပါတယ်။

alignnone size-medium wp-image-63755
ကမာကောင်

ကမာကောင်မှာ ဇင့် (သွပ်)ဓာတ်လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် အရေးကြီး အင်တီအောက်ဆီးဒင့်တစ်မျိုး ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ ဦးရေပြားရှိ အဆီဂလင်းတွေကို ကျန်းမာစေပြီး ဆံပင်သန်စွမ်း ကျန်းမာစေပါတယ်။ ဇင့်ဓာတ်ချို့တဲ့တာကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

alignnone size-medium wp-image-63756
ဥအမျိုးမျိုး

တချို့လူတွေက ဆံပင်ထိန်းသိမ်းပြုပြင်တဲ့အနေနဲ့ ဦးရေပြားနဲ့ ဆံပင်သားပေါ်မှာ ကြက်ဥ၊ ဘဲဥ အစိမ်းကို တိုက်ရိုက်သုတ်လိမ်းလေ့ရှိပါတယ်။ ဦးရေပြားကျန်းမာချင်ရင် ဥအမျိုးမျိုးကို စားသင့်တာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် ဘိုင်အိုတင်ပါဝင်တာကြောင့် ဦးရေပြားကျန်းမာပြီး ဆံပင်သားသန်စွမ်းစေပါတယ်။

မက်ကရယ်ငါး

မက်ကရယ်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့အတွက် ဆံပင်သားကျန်းမာသန်စွမ်းစေပါတယ်။

alignnone size-medium wp-image-63757
သစ်ကြားသီး

သစ်ကြားသီးမှာ ဘိုင်အိုတင်အများဆုံး ပါဝင်တဲ့အတွက် ဆံပင်သားသန်စွမ်းပြီး ဆံပင်ကျွတ်နှုန်း လျော့ကျကာ ဆံပင်သားကို ရှင်သန်ကြီးထွားစေပါတယ်။ သစ်ကြားသီးမှာ ဗီတာမင်အီး ကောင်းကောင်းပါဝင်ပါတယ်။ ဗီတာမင်အီးချို့တဲ့ရင် ဆံပင်ကျိုးပြတ်လွယ်ပါတယ်။

alignnone size-medium wp-image-63758
ကြက်၊ ဘဲ

ကြက်၊ ဘဲတွေမှာ ပရိုတင်းများများ ပါဝင်တဲ့အတွက် ဆံပင်သားကျန်းမာစေပါတယ်။ ပရိုတင်းဓာတ် ချို့တဲ့ရင် ဆံပင်အားနည်းကြွတ်ဆတ်နေတတ်ပါတယ်။ ပရိုတင်းချို့တဲ့တာကြောင့် ဆံပင်အရောင်လည်း မှိန်ဖျော့တတ်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီဟာ မျက်စိအတွက် ကောင်းတဲ့အစာဖြစ်သလို ဆံပင်ကိုလည်း ကျန်းမာစေပါတယ်။ မုန်လာဥနီမှာ ဗီတာမင်အေပါဝင်တဲ့အတွက် ဆံပင်သားရဲ့ သဘာဝအဆီဓာတ်ကို ထိန်းသိမ်းပေးပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။

Ref;DM

Most Popular

Healthy Life Ad
To Top