Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မကြာခဏ ခံစားနေရရင် အောက်ပါအစားအသောက်တွေကို စားသောက်ပြီး ခေါင်းကိုက်ဝေဒနာ လျော့ပါးအောင် လုပ်ဆောင်နိုင်ပါတယ်။

alignnone size-medium wp-image-63712
သဘာဝဆေး (၁) ထောပတ်သီး

ထောပတ်သီးမှာ လူတင်နဲ့ ဇီဇန်သင်းဓာတ်လို အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ထောပတ်သီးစားတာက အပြင်းအထန်ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

alignnone size-medium wp-image-63713
သဘာဝဆေး (၂) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင်ဘီ-၂တို့ ပါဝင်မှုများတာကြောင့် မကြာခဏ ခေါင်းကိုက်ဝေဒနာဖြစ်စေတဲ့ သွေးခဲဖြစ်စဉ်ကို ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါးစားတာက ရောင်ရမ်းမှုကို လျော့ကျစေပြီး ခေါင်းတစ်ခြမ်းကိုက်ရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-63714
သဘာဝဆေး (၃) ဖရဲသီးနှင့် မုန်လာဥနီ

ဖရဲသီး၊ မုန်လာဥနီ၊ သခွားသီးနဲ့ တရုတ်နံနံတို့စားတာက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ရောက်ရှိစေပါတယ်။ ရေဓာတ်ခမ်းခြောက်တာက ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တာကြောင့် ဖရဲသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်တို့ကိုလည်း သောက်သုံးနိုင်ပါတယ်။

alignnone size-medium wp-image-63715
သဘာဝဆေး (၄) သဖန်းသီး

သဖန်းသီးစားတာကလည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ သဖန်းသီးမှာ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး ခေါင်းကိုက်တာကို လျော့ပါးစေတာပါ။

alignnone size-medium wp-image-63716
သဘာဝဆေး (၅) ကိုက်လန်

ကိုက်လန်စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုက်လန်မှာ ရိုင်ဘိုဖလေဘင်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာစေတာပါ။

alignnone size-medium wp-image-63717
သဘာဝဆေး (၆) ဒိန်ချဉ်

ဒိန်ချဉ်မှာ ဗီတာမင်ဘီ ပါဝင်မှုများတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် တွန်းလှန်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-63718
သဘာဝဆေး (၇) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။ ခေါင်းထိုးကိုက်တဲ့အခါ ရေတစ်ဖန်ခွက်ထဲမှာ သံပရာရည်၊ ဆားအနည်းငယ်ထည့်မွှေပြီး မျိုချလိုက်ပါ။ ဒါက ရောင်ရမ်းမှုလျော့ကျစေပြီး ဝေဒနာသက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top