Healthy Life Ad
Life Style

ခြောက်သွေ့ပြီး ပျက်စီးနေသည့် ဆံပင်သားအတွက် အိမ်တွင်းကုထုံး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကုန်ကျစရိတ် သက်သာပြီး ပြုလုပ်ရလွယ်ကူတဲ့ နည်းလမ်းတချို့က ကြွတ်ဆတ်ပြီး ရှုပ်ထွေးခြောက်သွေ့နေတဲ့ သင်ရဲ့ဆံပင်တွေကို ပြန်လည်စိုပြည် ကျန်းမာလာစေနိုင်ပါတယ်။

alignnone size-medium wp-image-63294
ဆံပင်ပျက်စီးခြင်းကို ထောပတ်သီးသုံးပြီး ပြုပြင်ပါ

ထောပတ်သီးအမှည့်တစ်လုံးကို အစေ့ထုတ်ပြီး ကြက်ဥတစ်လုံးနဲ့ ရောမွှေပါ။ ပြီးရင် သင့်ဆံပင်ကို သုတ်လိမ်းပါ။ ထောပတ်သီးမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေအပြင် ဆံပင်သားတွေအတွက် လိုအပ်တဲ့ ဖက်တီးအက်စစ်တွေများစွာ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ပျက်စီးဆုံးရှုံးသွားတဲ့ သင့်ဆံပင်ရဲ ့ အပေါ်ယံ မျက်နှာပြင်ကို ပြန်လည်ပြုပြင်ပေးရာမှာ များစွာအကျိုးပြုပါတယ်။ တစ်ခါလိမ်းရင် မိနစ် ၂၀ လောက် ထားပြီးမှ ရေစင်အောင်ဆေးပါ။ ပျက်စီးနေတဲ့ ဆံပင်တွေ ပြန်ကောင်းစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ်ခန့် လုပ်သင့်ပြီး မပျက်စီးသေးတဲ့ ဆံပင်တွေအတွက် တစ်လကို တစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ ဆံပင်သားပျက်စီးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မွဲခြောက်နေသော ဆံပင်သားကို ထောပတ်ဆီသုံးပြီးနှိပ်နယ်ပါ

ထောပတ်ဆီ အနည်းငယ်သုံးရုံနဲ့ အဖျားနှစ်ခွဖြစ်ကာ ခြောက်သွေ့ပျက်စီးနေတဲ့ သင့်ဆံပင်တွေကို ပြန်လည်တောက်ပြောင်လာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သင့်ဆံပင်တွေကို ထောပတ်ဆီသုတ်လိမ်းပြီ နိုပ်နယ်ပေးပါ။ ပြီးရင် ရေချိုးခန်းသုံး ဆံပင်အုပ်တဲ့အစွပ်နဲ့ နာရီဝက်ခန့် စွပ်ထားပါ။ ပြီးရင် ထောပတ်ဆီတွေ စင်သွားအောင် ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

ဆံပင်ခြောက်သွေ့လျှင် သံလွင်ဆီလိမ်းပါ

သံလွင်ဆီလိမ်းပေးရုံနဲ့ ဆံပင်ခြောက်သွေ့မှုကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ သံလွင်ဆီအနည်းငယ်ကို နွေးနွေးလေးဖြစ်သွားအောင် အပူပေးပါ။ ဆူပွက်တဲ့အထိ အပူမပေးပါနဲ့။ ပြီးရင် သင့်ဆံပင်တွေကို ပွတ်လိမ်းပေးပါ။ အဲဒီနောက် ဆံပင်အားလုံးကို သေချာစုပြီး တဘက်နဲ့အုပ်ကာပတ်ထားလိုက်ပါ။ ၄၅ မိနစ်လောက်အုပ်ထားပြီး ခေါင်းလျှော်ရည်နဲ့လျှော်ကာ လုံးဝပြောင်စင်အောင် ရေဆေးချလိုက်ပါ။

ဆံပင်သား တောက်ပြောင်နေစေရန် လက်ဖက်ရည်ကြမ်းသုံးပြီး ဆေးကြောပါ

သင့်ဆံပင်သားတွေ သဘာဝအတိုင်း တောက်ပြောင်နေစေဖို့အတွက် အချိုတွေမထည့်ထားတဲ့ ဖျော်ထားပြီးကာစ လက်ဖက်ရည်ကြမ်းတစ်ခွက်နဲ့ ဆေးကြောလို့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ဆံပင်အရောင်ကို တောက်ပြောင်စေနိုင်ပါတယ်။ သင့်ဆံပင်အရောင်နဲ့ကိုက်တဲ့ လက်ဖက်ရည်ကြမ်းကို ရွေးချယ်အသုံးပြုတာက ပိုထိရောက်မှုရှိပါတယ်။ ရွှေရောင် ဥရောပနိုင်ငံထုတ် လက်ဖက်စိမ်း လက်ဖက်ရည်သုံးပါ။ နက်မှောင်တဲ့ ဆံပင်တွေအတွက် လက်ဖက်ရည်ကြမ်းသုံးပါ။

alignnone size-medium wp-image-63295
ဆံပင်များ ပျော့ပျောင်းနူးညံ့စေရန် ပန်းသီးရှလကာရည်သုံးပါ

နူးညံ့ပျော့ပျောင်းပြီး အက်ကွဲကာ ထိခိုက်မှုကင်းတဲ့ ဆံနွယ်တွေဖြစ်စေဖို့ ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှလကာရည်ထမင်းစားဇွန်းတစ်ဇွန်းကို ကြက်ဥအကာ ထမင်းစားဇွန်းသုံးဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်နှစ်ဇွန်းတို့နဲ့ ရောနယ်ပြီး ဆံပင်ကို လိမ်းပေးပါ။ ပြီးရင် ပလတ်စတစ်ခေါင်းစွပ်နဲ့ နာရီဝက်ခန့် အုပ်ထားပေးပါ။ ပြီးရင်တော့ သင်သုံးနေကျရှမ်ပူနဲ့ လျှော်ချလိုက်ပါ။

ဆံပင်သား သန်စွမ်းစေရန် ကြက်ဥရှမ်ပူသုံးပါ

ကြက်ဥတစ်လုံးကို ရှမ်ပူအနည်းငယ်နဲ့ ရောမွှေပြီး ပျက်စီးနေတဲ့ ဆံပင်တွေကို ငါးမိနစ်ခန့် သုတ်လိမ်းပြီး ရေများများနဲ့ ဆေးကြောလိုက်ပါ။ ဒီလိုလုပ်တာကြောင့် သင့်ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။

alignnone size-medium wp-image-63296
ဆံပင်မထိခိုက်စေရန် ရေကူးချိန် ကွန်ဒီရှင်နာသုံးပါ

ကမ်းခြေကို သွားရောက်အပန်းဖြေလို့ပဲဖြစ်ဖြစ်၊ ရေကူးကန်မှာ ရေကူးတာပဲဖြစ်ဖြစ် ရေထဲမှာ ပါဝင်လာနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဓာတ်တွေရဲ ့ ထိခိုက်မှုလျော့နည်းစေဖို့ ရေထဲမဆင်းမီ ပန်းသီးရှလကာရည်ကို ခွက်တစ်ခွက်ရဲ ့ လေးပုံသုံးပုံနဲ့ ရေအနည်းငယ်ရောပြီး အရင်ဆေးလိုက်ပါ။ ပြီးရင် ကွန်ဒီရှင်နာ လိမ်းထားလိုက်ပါ။

alignnone size-medium wp-image-63297
ရေစိုဆံပင်ကို တဘတ်ပတ်ပြီး အခြောက်ခံပါ

ရေစိုနေတဲ့ ဆံပင်တွေကို အဝတ်နဲ့ပွတ်ပြီး သုတ်နေမယ့်အစား ချည်ထည်အဝတ်စနဲ့ပတ်ပြီး ထုပ်ပိုးထားလိုက်ပါ။ ချည်စက အစိုဓာတ်တွေကို စုပ်ယူပြီး ခြောက်သွားပါလိမ့်မယ်။ ဒီလို အခြောက်ခံတာက ဆံပင်နှစ်ခွဖြစ်တာကို လျော့နည်းစေနိုင်ပါတယ်။

alignnone size-medium wp-image-63298
ဆံပင်ခြောက်သွေ့မှု ကင်းစေရန် အစိုဓာတ်ထိန်းထားသော အခန်းထဲတွင်အိပ်ပါ

ဆောင်းရာသီမှာ အခန်းတွင်း လေပူပေးစက် ဖွင့်ထားလေ့ရှိကြပါတယ်။ လေပူပေးစက်ကြောင့် သင့်ဆံပင်တွေကို ခြောက်သွေ့စေနိုင်ပါတယ်။ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အစိုဓာတ်ထိန်းစက်ကို အသုံးပြုပေးရင် လေထဲကို လိုအပ်တဲ့အစိုဓာတ်တွေ ပြန်လည်ဖြည့်ပေးနိုင်တဲ့အတွက် ဆံပင်ခြောက်သွေ့မှု လျော့နည်းပြီး ဆံပင်ပျက်စီးမှုမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-63299
ဆံပင်ကျွတ်နှုန်း လျော့ကျစေရန် ဆံပင်ကို ချထားပါ

သင်ဟာ ဆံပင်ကို အမြဲလိုလို စည်းထားတတ်တယ်ဆိုရင် နာရီအနည်းငယ်လောက် ပြန်ပြန်ဖြည်ချပေးထားဖို့ လိုပါလိမ့်မယ်။ ဆံပင်ကို ကျစ်ထားတာ၊ ကျပ်ကျပ်စည်းထားတာတွေကို အချိန်ကြာကြာ မလုပ်သင့်ပါဘူး။ အိပ်ချိန်တွေမှာလည်း ဆံပင်ကိုစည်းပြီး မအိပ်သင့်ပါ။

alignnone size-medium wp-image-63301
ဆံပင်မပျက်စီးစေရန် အိုမီဂါ-၃ ဖက်တီးအက်စစ်မှီဝဲပါ

နေ့စဉ် အိုမီဂါ ၃ ဖက်တီး အက်စစ်ဓာတ် ၂၅၀ မီလီ ဂရမ်မှီဝဲပါက ဆံပင်တွေအပြင် ခြေသည်း၊ လက်သည်းတွေရဲ့ အစိုဓာတ်တွေကိုလည်း ထိန်းပေးနိုင်ပြီး ဆံပင်ပျက်စီးမှုမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-63307

Most Popular

Healthy Life Ad
To Top