Healthy Life Ad
Health Tips

ပညာသင်ယူလေ့လာရာတွင် အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေမည့် နည်းလမ်းများ

စူး ( ဆေးဝါးတက္ကသိုလ် )

ပညာသင်ယူလေ့လာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်ဖို့ အထူးအရေးကြီးပါတယ်။
ကောင်းမွန်သော အာရုံစူးစိုက်နိုင်စွမ်း ဆိုသည်မှာသင်ရဲ့ စိတ်အာရုံက တစ်ခုတည်းသော အရာပေါ်မှာ စူးစိုက်ထားနိုင်တာကို ဆိုလိုပါတယ်။
1. စိတ်ကို တည်ငြိမ်အောင် ထားပါ
အနှောင့်အယှက်၊ အဟန့်အတားတွေကို စိတ်ထဲမထားပါနဲ့။ ဘယ်အရာကြောင့်မှ စိတ်ရှုပ်မခံပါနဲ့။ စိတ်ကို တည်ငြိမ်အောင်ထားပြီး ကိုယ်အာရုံစူးစိုက်တဲ့အရာထဲ စိတ်ကို နှစ်ထားပါ။
2. စူးစိုက်တတ်သော အကျင့်ကို ကျင့်ပါ
အာရုံစူးစိုက်မှုကောင်းအောင် ကျင့်ပေးနိုင်ပါတယ်။ အရင်ဆုံး တခြားသူပြောတဲ့ စကားကို သေချာနားထောင်ပါ။ စိတ်ရှည်ရှည်ထားပြီး အာရုံ စိုက်ကာ နားထောင်လိုက်ပါ။
3. အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ
အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာကြောင့်  စိတ်တည်ငြိမ်စေပါတယ်။ နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပြီး ပါးစပ်ကနေ အားနဲ့ရှူထုတ်လိုက်ပါ။ ငါးကြိမ်လောက်လုပ်ပြီး ချိန်မှာ သင့်စိတ်ပိုတည်ငြိမ်လာပါလိမ့်မယ်။
4. တရားထိုင်ပါ
တရားထိုင်တာကြောင့် စိတ်တည်ငြိမ်လာပြီး အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။ ဒါကြောင့် သင်ခန်းစာ လေ့လာရာမှာ မှတ်မိနိုင်စွမ်းအား ပိုကောင်းစေဖို့ တစ်နေ့ အနည်းဆုံး ၁၅ မိနစ်ခန့် တရားထိုင်ပေးသင့်ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top