Healthy Life Ad
Health Tips

တစ်ကိုယ်လုံး တောင့်တင်းနာကျင်မှု ပြေလျော့စေမည့် အခြေခံယောဂကျင့်စဉ် ငါးရပ်

၊ ကိုထက် ၊

အောက်ပါ အခြေခံ ယောဂကျင့်စဉ်တွေက တစ်နေကုန် အလုပ်လုပ်ရသူတွေမှာ ခံစားရတဲ့ တစ်ကိုယ်လုံး တောင့်တင်း နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

1yalga

ကြောင်ပုံစံ ယောဂကျင့်စဉ်
ဒီကျင့်စဉ်က ဝမ်းဗိုက်၊ လည်ပင်းနဲ့ ခါးတွေကို ဆွဲဆန့်ပေးပြီး ကျောရိုးကို သက်သောင့်သက်သာ ရှိစေပါတယ်။ အထူးသဖြင့် တောင့်တင်းနေတဲ့ ခါးကို သက်သာရာ ရစေပါတယ်။

2yalga

ကလေးပုံစံ ယောဂကျင့်စဉ်
ဒီကျင့်စဉ်က ခါးအောက်ပိုင်းနဲ့ တင်ပါးကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှု၊ ခါးအောက်ပိုင်း နာကျင် တောင့်တင်းမှု၊ နုံးချည့် ညောင်းညာမှု၊ လေထတာနဲ့ လေပွတာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

3yalga

လင်းပိုင်ပုံစံ ယောဂကျင့်စဉ်
ဒီကျင့်စဉ်က လက်မောင်း၊ ပခုံး၊ ဝမ်းဗိုက်၊ ခြေသလုံး ကြွက်သားနဲ့ ခြေကျင်းဝတ်တွေကို သန်စွမ်းစေပြီး ပခုံး၊ တံကောက်ကြော၊ ခြေသလုံးနဲ့ ရင်ဘတ်ပိုင်းတွေကို အကြောဆွဲဆန့် ပေးနိုင်ပါတယ်။

4yalga

ပျဉ်ချပ်ပုံစံ ယောဂကျင့်စဉ်
ပျဉ်ချပ်ပုံစံ ယောဂကျင့်စဉ်က လက်ကောက်ဝတ်၊ လက်မောင်းနဲ့ ကျောရိုးတွေကို သန်စွမ်းစေပြီး ဝမ်းဗိုက်ကြွက်သားတွေကို တင်းရင်းစေပါတယ်။

5yalga

မြွေဟောက်ပုံစံ ယောဂကျင့်စဉ်
ဒီကျင့်စဉ်က ရင်ဘတ်ကြွက်သားတွေကို ဆွဲဆန့်ပေးပြီး ကျောရိုးကို သက်သောင့်သက်သာ ရှိစေပါတယ်။ ဒါ့အပြင် ကိုယ်နေဟန် အနေအထား မကောင်းတာကို သက်သာစေပြီး စိတ်ဓာတ်ကျတာ၊ ခါးအောက်ပိုင်း နာကျင်တာနဲ့ စွမ်းအင်လျော့ကျတာ စတဲ့ ဝေဒနာတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top