Healthy Life Ad
Health Tips

ခန္ဓာကိုယ်အစိတ်အပိုင်းအချို ့၏ အံ့ဖွယ်လုပ်ဆောင်ချက်များ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ခန္ဓာကိုယ်ရဲ ့ တချို ့အစိတ်အပိုင်းတွေက တခြားသူတွေထက် ပိုထူးဆန်းတဲ့ လုပ်ငန်းဆောင်တာတွေ ရှိနေပါတယ်။

လျှာခင် (Uvlva)

လည်ချောင်းနောက်မှာရှိတဲ့ လျှာခင်ကို လူအတော်များများ အလေးမထားမိတတ်ပါဘူး။ သီအိုရီတချို ့အရ လျှာခင်က လူတွေမှာပဲ အပြည့်အဝ ဖွံ့ဖြိုးမှုရှိတာကြောင့် စကားပြောနိုင်စွမ်းရှိအောင် ကူညီပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ လျှာခင်ရဲ ့ အထင်ရှားဆုံး လုပ်ဆောင်ချက်က တံတွေးအများအပြားကို ခပ်မြန်မြန်ထုတ်နိုင်အောင် လုပ်ဆောင်ပေးတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့ဘဝတလျှောက်မှာ ရေကူးကန်နှစ်ကန်စာ တံတွေးတွေကို ထုတ်နိုင်စွမ်းရှိပါတယ်။ လျှာခင်က ဟောက်တာနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ အီတလီလေ့လာသူတွေက ဆိုပါတယ်။ ဟောက်တတ်တဲ့သူတွေဟာ မဟောက်တတ်တဲ့ သူတွေထက် လျှာခင်မှာ နာ့ဗ်ကြောအမျှင် သိသိသာသာ လျော့နည်းမှုရှိတယ်လို့ အီတလီလေ့လာမှုအရ သိရပါတယ်။

မျက်ခုံးများ (Eyebrows)

မျက်ခုံးတွေက တွန့်တာ၊ ကျုံ့တာတို့ကို လုပ်ဆောင်နိုင်တာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ အသုံးဝင်တဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ မျက်ခုံးရဲ ့ အဓိကလုပ်ဆောင်ချက်ကတော့ မျက်စိထဲကို အမှိုက်သရိုက်၊ ရေနဲ့ နေရောင်ခြည်ဒဏ် မကျရောက်အောင် ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။ မျက်ခုံးတွေက မျက်နှာပုံပန်းသွင်ပြင်အတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ MIT လေ့လာမှုတစ်ခုအရ နာမည်ကြီးမျက်နှာ ၅၀ ရဲ ့ ဓာတ်ပုံကို မျက်လုံးတွေကို နည်းပညာနဲ့ ဖယ်ပြီးကြည့်တဲ့အခါ ၆၀ ရာခိုင်နှုန်းကို ပြန်လည်မှတ်မိပေမယ့် မျက်ခုံးတွေကို ဖယ်ရှားပြီး ကြည့်လိုက်တဲ့အခါ ၄၆ ရာခိုင်နှုန်းကိုပဲ မှတ်မိတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-61327
ချိုင်းမွေး (Armpit Hair)

လူ့ခန္ဓာကိုယ်မှာ မကြိုဆိုဘဲ ပေါက်လာတဲ့ ချိုင်းမွေးတွေရဲ ့ အဓိကလုပ်ဆောင်ချက်က ဆန့်ကျင်ဘက်အဖော်ကို ဆွဲဆောင်နိုင်တဲ့ ခန္ဓာကိုယ်ရဲ ့ သဘာဝအနံ့ကို ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ ချိုင်းမွေးဟာ ချွေးဂလင်းအပေါ်မှာ ပေါက်နေကာ သီးခြားအနံ့တွေကို ထွက်ရှိစေတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အမျိုးသမီးအများစုက ချိုင်းမွေးတွေကို ရိတ်လေ့ရှိပါတယ်။

အမျိုးသားနို့သီးခေါင်း (Men’sNipple)

လူတိုင်း မိခင်ဝမ်းဗိုက်ထဲမှာ မိန်းကလေးအဖြစ် စတင်ဖွံ့ဖြိုးလာပါတယ်။ ရက် ၆၀ အထိ သန္ဓေသားတွေက တူညီတဲ့ မျိုးဗီဇလုပ်ဆောင်မှုရှိပြီး နောက်ပိုင်းမှာ ခရိုမိုဇုန်းရှိသူတွေဟာ တက်စတိုစတီရုန်းဟော်မုန်းကြောင့် ပြောင်းလဲမှုတွေ ဖြစ်ပေါ် သွားပါတယ်။ အမျိုးသားတွေရဲ ့ နို့သီးခေါင်းကတော့ မပြောင်းလဲဘဲ ရှိနေပါတယ်။

alignnone size-medium wp-image-61326
အာသီး (Tonsils)

အရင်က လည်ချောင်းနာခဲ့ဖူးတယ်ဆိုရင် ပါးစပ်နောက်ဘက်မှာ မက်မွန်သီးပုံစံ တစ်သျှူးတစ်ခုက ရောင်ရမ်းနီမြန်းနေတာကို သတိပြုမိပါလိမ့်မယ်။ သားနံရည်စနစ်ရဲ ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အာသီးဟာ လူ့ခန္ဓာကိုယ်ထဲကို နှာခေါင်းနဲ့ ပါးစပ်ကတစ်ဆင့် ကူးစက်ပိုးတွေမဝင်အောင် ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ များနေတဲ့အခါ အာသီးရောင်တတ်ပါတယ်။ အဲဒီအခါ နာတာရှည်နာမကျန်းဖြစ်တာနဲ့ အသက်ရှူလမ်းကြောင်းပြဿနာတွေ ဖြစ်တတ်တာကြောင့် အာသီးကို ဖယ်ရှားပေးရပါမယ်။ ဒါပေမဲ့ ကူးစက်ပိုးဝင်တာကို ထိန်းချုပ်ဖို့ အာသီးကို ခွဲစိတ်သင့်၊ မသင့် ဒီနေ့ခေတ်ဆရာဝန်တွေ ဆွေးနွေးနေဆဲပဲ ဖြစ်ပါတယ်။

လက်သည်း (Fingernail)

လက်သည်းတွေက အဆင့်မြင့်နို့တိုက်သတ္တဝါနဲ့ တခြားနို့တိုက်သတ္တဝါတွေကြား အဓိကခြားနားချက်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။ နို့တိုက်သတ္တဝါအများစုမှာ ခြေသည်းမာ၊ လက်သည်းမာတို့ ရှိပေမယ့် လူတွေရဲ့ လက်သည်းတွေနဲ့ မတူပါဘူး။ လက်သည်းတွေရဲ ့ အဓိကလုပ်ဆောင်ချက်က သစ်သီးနဲ့ သစ်ကိုင်းတွေကို ဖမ်းဆုပ်ဖို့လို့ ရှေးကထင်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ အကြွေစေ့နဲ့စက္ကူတွေကို သေးငယ်တဲ့အရာတွေကို ကိုင်တွယ်ဖို့ဖြစ်ပါတယ်။ လက်သည်းတွေက လူ့ကျန်းမာရေး ပြတင်းပေါက်လည်း ဖြစ်ပါတယ်။ လက်သည်းအရောင်ပြောင်းတာနဲ့ လက်သည်းမှာ အစက်အပြောက်ပေါ်တာက အာဟာရချို ့တဲမှုနဲ့ တချို ့အရေပြားပြဿနာတွေကို ဖော်ပြပေးနေပါတယ်။

အူအတက် (Appendix)

သုံးလက်မခွဲခန့်ရှည်တဲ့ အူအတက်ဟာ ထိခိုက်မှုနဲ့ ပိုးဝင်မှုကြောင့် ရောင်ရမ်းတဲ့အခါ ဖြည်းဖြည်းချင်း ပေါက်ထွက်ပြီး ကူးစက်ပိုးတွေက ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေဆီ ပျံ ့နှံ့ရောက်ရှိကာ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ အူအတက်ရောင်တာက ကလေးတွေမှာ အဖြစ်များဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်လူရှစ်သောင်းခန့် ဖြစ်နေတတ်ပါတယ်။ အူအတက်ကို ဖယ်ရှားလိုက်တဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ သိသာတဲ့သက်ရောက်မှု မဖြစ်စေပါဘူး။ ဒါပေမဲ့ ဒိတ်ခ်တက္ကသိုလ်ဆေးကျောင်းရဲ ့ လေ့လာမှုအရ အူအတက်မှာ ကောင်းတဲ့ဘက်တီးရီးယားတွေ ရှိတယ်လို့ ဆိုပါတယ်။

အံဆုံး (Wisdom Teeth)

အံဆုံးတွေက အခွံမာစေ့၊ အသား၊ အရိုးစတဲ့ ကြမ်းတမ်းတဲ့ အစာတွေကို ကြိတ်ဝါးပေးနိုင်ပါတယ်။ ဒါပေမဲ့ လူ ၃၅ ရာခိုင်နှုန်းမှာ အံ့ဆိုးမပေါက်တတ်ပါဘူး။ တချို ့လူတွေက အသက် ၁၀ နှစ်ကတည်းက အံဆိုးပေါက်တတ်ပြီး တချို ့လူတွေက အသက် ၁၇ နှစ်နဲ့ ၂၅ နှစ်ကြားအရွယ်မှာ အံဆိုးကို နုတ်ရတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top