Healthy Life Ad
International

ချောကလက်စားခြင်းဖြင့် အူမကြီးကင်ဆာကို တွန်းလှန်နိုင်

၊ ZKO ၊

ချောကလက်တွင် အင်တီအောက်ဆီးဒင့် ပါဝင်မှုများသည့်အတွက် စိတ်ခံစားမှုကို ကောင်းစေပြီး စိတ်ဓာတ်ကျဝေဒနာ လက္ခဏာများကို သက်သာစေကြောင်း သိရှိပြီဖြစ်သည်။ ယခုအခါ ချောကလက်စားခြင်းဖြင့် အူမကြီးကင်ဆာကို ကာကွယ်နိုင်ကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားလိုက်သည်။
ကိုကိုးပဲတွင် အာဟာရဓာတ်များနှင့် သတ္တုဓာတ်များပါဝင်ပြီး ကင်ဆာ ကာကွယ်ခြင်း၊ အဆိပ်အတောက် ပြေခြင်း၊ နှလုံးကျန်းမာရေး
ကောင်းမွန်ခြင်း၊ အသားအရေ ကျန်းမာခြင်း စသည့် ကောင်းကျိုးအမျိုးမျိုး ရှိသည်။ ထို့ပြင် သဘာဝ အင်တီအောက်ဆီးဒင့် ပါဝင်သည့်အတွက် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များနှင့် ဖရီးရယ်ဒီကယ်များကို တွန်းလှန်ပေးနိုင်သည်။
အူမကြီးကင်ဆာသည် အူမကြီးတွင် စတင်ဖြစ်ပေါ်ပြီး ပိုလီဖီနောပါဝင်သော ချောကလက်သည် ခန္ဓာကိုယ်ကို ရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း စပိန်လေ့လာမှုအရ သိရသည်။ ကြွက်များတွင် လေ့လာမှုအရ အူမကြီး ကင်ဆာဖြစ်နှုန်း မြင့်မားစေသည့် အဇိုဇီမီသိန်းဓာတ်နှင့် ကြွက်များကို ထိတွေ့စေခဲ့ရာ သီတင်းပတ် အနည်းငယ်အကြာတွင် ကြွက်တို့၌ ကင်ဆာအကျိတ်နှင့် အူကင်ဆာဖြစ်နှုန်း မြင့်မားခဲ့သည်။ ထို့နောက် ကြွက်အုပ်စုတစ်ခုကို ကိုကိုးပါသည့် အစာ (ဥပမာချောကလက်) ကျွေးခဲ့ရာ ကိုကိုးပါသည့် ချောကလက် မကျွေးခဲ့သူ ကြွက်များထက် အူမကြီးကင်ဆာအကျိတ်နှင့် ကင်ဆာဆဲလ်များ သိသိသာသာ လျော့ကျသွားကြောင်း သိရှိခဲ့ရသည်။
သကြားမပါသော ကိုကိုးစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်နှင့်
သွေးဖိအားကို ထိန်းပေးနိုင်ကာ တစ်နေ့အနည်းဆုံး ကိုကိုးတစ်ခွက်စာ စားသူတို့သည် နှလုံးရောဂါအန္တရာယ် လျော့ကျမှုရှိကြောင်း
လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ချောကလက်တွင် အဆီနှင့် ကယ်လိုရီပါဝင်မှု များသည့်အတွက် ကိုယ်အလေးချိန် မြင့်တက်စေပြီး သွေးတွင်း
သကြားဓာတ်ပမာဏ မြင့်တက်စေကြောင်း၊ သို့ဖြစ်ရာ သကြားမပါသော ချောကလက်ကို ရွေးချယ်စားသင့်ကြောင်း ယူကေကင်ဆာလေ့လာမှု ပြောရေးဆိုခွင့်ရှိသူ
ဆာရာက ပြောကြားခဲ့သည်။
(Ref;HD)

Most Popular

Healthy Life Ad
To Top