Healthy Life Ad
Health Tips

အူကင်ဆာဖြစ်စေသော အကြောင်းရင်းများ

အူကင်ဆာ (Bowel Cancer) ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိကျကျ မသိကြပါဘူး။ ဒါပေမဲ့ အူကင်ဆာဖြစ်နှုန်း မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ အများအပြားရှိပါတယ်။ အဲဒါတွေကတော့-

အသက်အရွယ်

အူကင်ဆာဖြစ်သူ ၁၀ ဦးအနက် ကိုးဦးနီးပါးဟာ အသက် ၆၀ နဲ့အထက် အသက်ကြီးသူတွေ ဖြစ်ကြပါတယ်။

အစားအသောက်

အနီရောင်အသား၊ ပြုပြင်ထားတဲ့အသား များများစားတာနဲ့ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့ အစာတွေကို စားတာတို့ကြောင့် အူကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ဥပမာ-ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်း စတာတွေက အူကင်ဆာနဲ့ ဆက်စပ်မှုရှိကြောင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။

ကိုယ်အလေးချိန်

ကိုယ်အလေးချိန်များတဲ့သူ ဒါမှမဟုတ် အဝလွန်သူတွေမှာ အူကင်ဆာ ပိုအဖြစ်များတတ်ပါတယ်။

လေ့ကျင့်ခန်း

ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေဟာ အူကင်ဆာဖြစ်နိုင်ခြေ များတတ်ပါတယ်။

အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း

အရက်အလွန်အမင်းသောက်တာနဲ့ ဆေးလိပ်သောက်တာတို့ကြောင့် အူကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

မိသားစုမျိုးရိုး

သင့်ဆွေမျိုးနီးစပ်ထဲမှာ အသက် ၅၀ အောက်အရွယ် အူကင်ဆာဖြစ်သူရှိရင် သင့်မှာလည်း အူကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

အူကင်ဆာရဲ ့ အဓိကလက္ခဏာသုံးရပ်က ဝမ်းထဲသွေးပါတာ၊ အူအလေ့အကျင့်ပြောင်းလဲတာ (ဥပမာ-ပုံမှန်ဝမ်းသွားတာကနေ မကြာခဏ ဝမ်းပျော့ပျော့သွားတာ)နဲ့ ဗိုက်အောင့်တာတို့ ဖြစ်ကြပါတယ်။ ဒါကြောင့် အူကင်ဆာဖြစ်နိုင်တဲ့ အချက်တွေနဲ့ ကိုက်ညီနေပြီး ဒီလက္ခဏာတွေ ခံစားနေရရင် စောစောစီးစီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(Ref; DM)

Most Popular

Healthy Life Ad
To Top