Healthy Life Ad
Health Tips

ပင်လယ်ကမ်းခြေသွားချိန် သင့်ဆံပင်သား ပင်လယ်ရေကြောင့် ထိခိုက်မှုမရှိစေရန်

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ပင်လယ်ကမ်းခြေရောက်ရှိချိန်မှာ ရေထဲဆင်းပြီးရေကူးရတာ ပျော်စရာပါ။ ဒါပေမဲ့ ပင်လယ်ရေကြောင့် ဆံပင်တွေ ထိခိုက်ကျိုးပဲ့သွားရင်တော့ စိတ်ညစ်ရတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ ကာကွယ်နည်းတွေရှိပါတယ်။

– ဆံပင်ကို ရိုးရိုးရေနှင့် အရင်စိုစွတ်အောင် လုပ်ပါ

ပင်လယ်ရေထဲမဆင်းခင် သင့်ဆံပင်တွေကို ရိုးရိုးရေနဲ့ အရင်ဆုံးစိုစွတ်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

– ဆံပင်ကို ဆီလိမ်းပါ

သံလွင်ဆီ၊ အုန်းဆီစတဲ့ သင်ကြိုက်တဲ့ အဆီတစ်မျိုးနဲ့ သင့်ဆံပင်သားအနှံ့ သုတ်လိမ်းလိုက်ပါ။

– ဆံပင်ကို ထုံးဖွဲ့ပါ

သင့်ဆံပင်သားကို ဆံထုံးထုံးတာ၊ ကျစ်ဆံမြီးကျစ်တာနဲ့ ဆံပင်စည်းနှောင်တာ စတဲ့နည်းတစ်ခုခု လုပ်ဆောင်ပါ။

– ရေကူးပြီးနောက် ဆံပင်ကို ရေနှင့် ပြန်လည်ဆေးကြောပါ

ရေကူးပြီး ရေထဲကတက်လာတဲ့အခါ ဆံပင်ကို ရေနဲ့သေချာဆေးကြောပြီး ခါတိုင်းလို ရှမ်ပူနဲ့ခေါင်းလျှော်ပေးပါ။

– ဆံပင်ကို ဆံပင်လိမ်းအလှဆီ လိမ်းပါ

ဆံပင်ကို ခြောက်အောင်သုတ်ပြီး ဆံပင်လိမ်းအလှဆီ လိမ်းထားပေးပါ။

 

ဆံပင်သန်စွမ်းကျန်းမာရေးအတွက် စူပါအစာများ

(၁) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

– ဗီတာမင်နဲ့ ဖောလိတ်ဓာတ်ပါဝင်ပါတယ်။

(၂) ဥအမျိုးမျိုး

– ဗီတာမင် B12 နဲ့ ဘိုင်အိုတင်ဓာတ် ပါဝင်ပါတယ်။

(၃) အခွံမာသော အစေ့အဆန်များ

– ဆီလီနီယမ်ဓာတ် ပါဝင်ပါတယ်။

(၄) ဒိန်ချဉ်

– ဗီတာမင်ဒီ ပါဝင်ပါတယ်။

(၅) ငါး

– အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်ပါတယ်။

(၆) ပဲသီး

– ဇင့်(သွပ်)ဓာတ်နဲ့ ပရိုတင်း ပါဝင်ပါတယ်။

(၇) မုန်လာဥနီ

– ဘီတာကယ်ရိုတင်း ပါဝင်ပါတယ်။

(၈) ချဉ်သော သစ်သီးများ

– ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top