Healthy Life Ad
Life Style

အုန်းဆီ၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ

———၊ ဇွန် ၊———

အုန်းဆီဟာ သင်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းလှပရေးအတွက် အောက်ပါအတိုင်း အသုံးဝင်နေပါတယ်။

(၁) အုန်းဆီက ခြောက်သွေ့တဲ့ အ ရေပြားကို စိုပြည်စေပါတယ်။

(၂) ဆံကေသာအနှံ့လိမ်းပေးရင် ဆံပင်သားအဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်သားခြောက်သွေ့နွမ်းနယ်မှုကို လျော့ပါးစေပါတယ်။ အုန်းဆီလိမ်းတာကြောင့် ဦးရေပြားကို စိုပြည်စေပါတယ်။

(၃) ချွေးနံ့ကင်းပြီး တစ်ကိုယ်ရေသင်းပျံ့လိုရင် ချိုင်းအောက်မှာ အုန်းဆီအနည်းငယ် ဆွတ်ပေးသင့်ပါတယ်။

(၄) လက်သည်း၊ ခြေသည်းတွေကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးရင် လက်သည်း၊ ခြေသည်းတွေ မှိုစွဲတာကင်းစေပြီး လက်သည်း၊ ခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

(၅) ဝက်ခြံတွေ လျော့ပါးသက်သာစေဖို့ ဝက်ခြံအဖုအပိမ့်တွေပေါ်မှာ အုန်းဆီအစက်အနည်းငယ်တို့ပေးပါ။

Most Popular

Healthy Life Ad
To Top