Healthy Life Ad
Q & A

ထမင်းမစားတဲ့ကလေး ပိန်လွန်းလို့ ဘယ်လိုကျွေးရမလဲ . . .

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကျွန်မကလေးက အသက် ၄ နှစ်ပါ။ ပိန်လွန်းလို့ ဘယ်လိုကျွေးသင့်ပါသလဲ။ ထမင်းမစားချင်ဘူး။ သရေစာပဲ စားပါတယ်။

A. ကလေးအသက် (၄) နှစ်ဆိုရင် ကိုယ်အလေးချိန်က ပေါင် ၃၀ အထက် ဖြစ်ရပါမယ်။ အသက် (၂) နှစ်နဲ့ (၃) နှစ်ကြားမှာတောင် ကိုယ်အလေးချိန်က ၂၈ ပေါင်နဲ့ ၃၂ ပေါင်ကြားဆိုတော့ (၄) နှစ်ဆိုရင် ပေါင် (၄၀) လောက်ဖြစ်သင့်ပါတယ်။

(၁) ပရိုတင်းဓာတ်

ကိုယ်အလေးချိန်မပြည့်ဘဲ ပိန်တဲ့ကလေးတွေကို အဓိက ပရိုတင်းဓာတ် ကျွေးစေချင်ပါတယ်။ ပရိုတင်းဓာတ်က သိပ်ပြီးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်ထွားကျိုင်းဖို့အတွက်နဲ့ အရပ်မြင့်ဖို့အတွက် အရေးပါလို့ပါ။ ကလေးတွေကို တစ်ရက် အသား ၁၀ ကျပ်သားကျွေးရပါမယ်။ မနက်စာ၊ နေ့လယ်စာနဲ့ ညနေစာကျွေးတယ်ဆိုရင် (၃) ကျပ်သားစီ ခွဲကျွေးလို့ရပါတယ်။ ဒါမှမဟုတ် မနက်ပိုင်းမှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ ဒါမှမဟုတ် ပဲပြုတ်ထမင်းစားလိုက်တယ်ဆိုရင် နေ့လယ်နဲ့ ညနေမှာ (၅) ကျပ်သားစီ ကျွေးလို့ရပါတယ်။

(၂) ကြက်ဥ

ကလေးတွေကို တစ်နေ့ကြက်ဥနှစ်လုံး ကျွေးရပါမယ်။

(၃) နွားနို့နှင့် ဒိန်ချဉ်

နွားနို့တစ်ခွက်၊ ဒိန်ချဉ်တစ်ခွက် တိုက်ရပါမယ်။ ကလေးရဲ့အစာအိမ်၊ အူလမ်းကြောင်းမှာ ကောင်းတဲ့ အကျိုးပြုဘက်တီးရီးယားပိုးတွေ ရှိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကျွေးသင့်တာပါ။

(၄) အသီးအနှံနှင့် ဟင်းသီးဟင်းရွက်

ကလေးကို ငယ်ငယ်ကတည်းက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ မျှမျှတတစားတတ်အောင် ကျွေးပေးပါ။ ဒါဆိုရင် ကလေးငယ်က ပြည့်လာမှာပါ။

Most Popular

Healthy Life Ad
To Top