Healthy Life Ad
Q & A

အာဟာရပြည့်မီဖို့ အရေးကြီးသလား …

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ဒီနေ့ခေတ်မှာ ကလေးကအစ အသက်ကြီးတဲ့အရွယ်အထိ အာဟာရပြည့်ဖို့ အရေးကြီးတယ်ဆိုပြီး လူပြောများလာကြပါတယ်။ ဘာကြောင့်ပါလဲ။

A. အာဟာရပြည့်မီဖို့ လူတိုင်းအတွက် အရေးကြီးပါတယ်။ အာဟာရက လူတစ်ယောက်ရဲ ့ ကာယစွမ်းရည်ရော ဉာဏစွမ်းရည်ကိုပါ ပံ့ပိုးပေးနိုင်တယ်။ လူတစ်ယောက်မှာရှိသင့်တဲ့ အာဟာရပြည့်ဝမှုမရှိရင် ကာယစွမ်းရည်ကော ဉာဏစွမ်းရည်ကော ကျဆင်းလာနိုင်ပါတယ်။ Creative Power လို့ခေါ်တဲ့ စွန့်စားတီထွင်တာ၊ အလုပ်ကို ဖန်တီးတီထွင်လုပ်ဆောင်တတ်တာတို့က ဦးနှောက်ရဲ ့ဖွံ့ဖြိုးမှုနဲ့ သွားပါတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ Micronutrients တွေက အရေးပါတယ်။ အာဟာရဓာတ်မပြည့်ဝရင် ကောင်းကောင်းမတွေးနိုင်ဘူး။ အာရုံစိုက်နိုင်စွမ်း မကောင်းဘူး၊ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်စွမ်း နည်းပါတယ်။

လူတွေက ဘယ်လိုအစားအသောက်တွေကို ရွေးချယ်စားသောက်ရင် အာဟာရပြည့်မလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ အန္တရာယ်မကင်းတဲ့ အစာတွေကိုစားတာ၊ အာဟာရတန်ဖိုးမရှိတဲ့ အစာတွေကို စားတာတွေက ဆင်ခြင်သင့်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအဆိပ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီအခါ အလုပ်ကို မဆင်းနိုင်တော့တဲ့အတွက် အလုပ်ရဲ့ကုန်ထုတ်စွမ်းအားကလည်း ကျဆင်းလာပါတယ်။ ကျန်းမာရေးမကောင်းတော့ ဆေးဖိုးကုန်တယ်၊ အလုပ်လည်းပျက်တယ်။ ဒါကြောင့် အစားအသောက်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် အာဟာရပြည့်ရဲ့လား၊ သန့်ရှင်းရဲ ့လား၊ အန္တရာယ်ကင်းရဲ့လားဆိုတာကို စနစ်တကျရွေးချယ်ပြီးမှ စားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top