ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ) နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ ဓာတ်ရောင်ခြည်ကုထုံး ခံယူချိန်နဲ့ခံယူပြီးချိန်တွေမှာ ဘယ်လို အစာအာဟာရတွေကို စားပေးသင့်ပါသလဲ ဆရာမ။ ဖြေ ။ အပင်တွေမှာပါတဲ့ ကွာလီဖီနောဆိုတဲ့ ဓာတ်တစ်မျိုးကိုက ဓာတ်ရောင်ခြည်ကြောင့်ဖြစ်စေတဲ့ ဆဲလ်တွေ...
မေး. အစားအသောက်အညွှန်းတွေမှာ GI၊ GL ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ အဲဒါ ဘာတွေကို ဆိုလိုပါသလဲ။ နှင်းဝေ၊ မြောင်းမြ။ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. GI ရဲ့အရှည်က Glycemic Index...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျရင် သင့်ကျန်းမာရေးအတွက်သာမက အိပ်ရာနိုးချိန်မှာ သင့်စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။ ညည ကောင်းကောင်း အိပ်ပျော်စေဖို့ ဘယ်လို အစာတွေကိုစားသင့်ပြီး ဘယ်လို အစာတွေကို မစားသင့်ဘူးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ မစားသင့်သည့် အစာများ –...
မေး ။ မျက်စိကျန်းမာရေးကောင်းမွန်စေတဲ့ အစားအသောက်တွေကို သိချင်ပါတယ်။ ကိုအောင်ကို၊ စမ်းချောင်း။ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ မျက်စိကျန်းမာရေး ကောင်းမွန်စေဖို့ အဓိက အရေးကြီးတာက ဗီတာမင်အေ ဖြစ်ပါတယ်။ ဗီတာမင်အေများများပါတဲ့ အစားအသောက်တွေဆိုရင်...
မေး ။ ကျွန်မမှာ အသက်တစ်နှစ်နဲ့ နှစ်နှစ်ကြား မြေးလေးသုံးယောက်ရှိပါတယ်။ သူတို့ကို ကျန်းမာပြီး ဉာဏ်ကောင်းစေချင်လို့ ဘယ်လိုအစားအသောက်တွေ ကျွေးသင့်ပါသလဲ။ ဒေါ်ဝင်းမော်၊ ကျောက်တံတားမြို့နယ်။ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ ကလေးအသက်...
ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ ဘယ်အသက်အရွယ်တွေမှာ ဒူးနာတတ်ပါသလဲ ဆရာမ။ ဖြေ ။ အသက် ၄၅ နှစ်ကျော်၊ ၅၀ ထဲဝင်လာပြီဆိုတာနဲ့ လူအတော်များများဟာ ဒူးနာတဲ့ပြဿနာခံစားလာရတာကို တွေ့လာရပါတယ်။ ဒူးနာတာဟာ ဒူးဆစ်ရောင်ရမ်းတာ၊ ရောဂါပိုးတွေဝင်တာ၊...
ဥနီ(Beets)၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ တခြားဟင်းသီးဟင်းရွက်တွေမှာ နိုက်ထရိတ်ပါဝင်မှု မြင့်မားတာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေကာ သွေးတိုးကျစေပါတယ်။ နိုက်ထရိတ်ပါဝင်မှုများပြီး နှလုံးကျန်းမာစေတဲ့ ဟင်းသီးဟင်းရွက်တွေကတော့- – ဥနီ (Beets)၊ – ဟင်းနုနယ်ရွက်၊ – တရုတ်နံနံပင်၊ –...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) (၁) ကမာကောင် ကမာကောင်မှာ အမျိုးသားတစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဇင့်(သွပ်)ဓာတ် အပြည့်အဝပါဝင်နေပါတယ်။ ဇင့်ဓာတ်က ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပြီး သုက်ကောင်ရေတိုးစေပါတယ်။ (၂) ငါးအဆီ ငါးအဆီမှာပါတဲ့ ပိုလီမပြည့်ဝဆီက နှလုံး၊ သွေးလှည့်ပတ်မှုနဲ့ ကိုယ်ခံအားစနစ်စတာတွေကို...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) ကလေးအသက် ၁၀ လအရွယ်မှာ ကလေးတွေ အသက် ၁၀လထဲရောက်သွားပြီဆိုရင် ကျွေးတဲ့ ဆန်ပြုတ်ကို ခပ်ပျစ်ပျစ်လေးဖြစ် အောင် ဇွန်းနဲ့ခြေပြီး ကျွေးပါ။ ဒီအချိန်မှာ မွှေစက် (Blender)နဲ့ မကြိတ်ပါနဲ့တော့။ ထမင်းပျော့ပျော့ကို ဇွန်းနဲ့ ခြေပြီး...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) အသက် ၈၀ ကျော်အရွယ်ဆိုရင် တတိယအရွယ်လို့ပြောပါတယ်။ ဒီအရွယ်မှာ အစားအသောက်က တော်တော်ကို နည်းသွားပါပြီ။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုနှုန်း (Metabolic Rate) ကလည်းနည်းသွားပြီ၊ ပြီးတော့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းအားကလည်း နည်းသွားပါပြီ။ အစာကို ချေဖျက်နိုင်စွမ်းကလည်း...