အပြင်သွားတဲ့အခါ ဆိုင်မှာစားရင် ဟင်းရွက်သုပ်ကို အဓိကမှာပါ။ အိမ်က ယူသွားရင်လည်း သံလွင်ဆီ၊ ရှလကာရည်၊ သံပရာရည် စတာတွေထည့်ပြီး သင်နှစ်သက်တဲ့ ဟင်းရွက်ကို သုပ်ကာ ဟင်းဘူးထဲထည့်ပါ။
(၁) အနီရောင် အသားတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အနီရောင်အသား များများ စားတာက ရောဂါတိုးပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။
(၂) အချိုရည်တွေနဲ့ ဂတ်စ်ပါတဲ့ အမြှုပ်ထအရည်တွေ ရှောင်ပါ။
(၃) အဆင်သင့်အစာ အများစုမှာ အာဟာရတန်ဖိုး နည်းတတ်တာကို သတိပြုပါ။
(၄) အဆာပြေစားနိုင်အောင် သစ်သီးဝလံတွေနဲ့ အခွံမာတဲ့ အစေ့အဆန်တွေကို ဆောင်ထားပါ။