—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—– အရွယ်မရွေး၊ အထူးသဖြင့် အိမ်ထဲမှာပဲ နေလေ့ရှိကြတဲ့ သက်ကြီးရွယ်အိုတွေကလည်း မနက်ခင်းမှာ ခဏလောက် နေပူဆာထွက်လှုံသင့်ပါတယ်။ မနက်စောစော ၆ နာရီခွဲကနေ ၈ နာရီအတွင်းမှာ မိနစ် ၂၀ လောက် နေပူဆာလှုံပေးသင့်ပါတယ်။...
———၊ ဟန်တိုးစံ ၊——— လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဖို့ ဗီတာမင် စီ၊ ဗီတာမင် ဒီသရီးနဲ့ ဇင့်(သွပ်) စတာတွေကို သောက်ဖို့ဆိုပြီး ရေးသားမျှဝေနေတာတွေ ရှိနေတာကြောင့် ဗီတာမင်စီနဲ့ ဗီတာမင်ဒီသရီးကို ပမာဏများများ သောက်သုံးသင့်သလားဆိုတာအပေါ် လူအများက သိလိုနေကြပါတယ်။ အအေးမိတုပ်ကွေးရောဂါ ဖြစ်နေသူတွေမှာ...
– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ လတ်တလောလေ့လာမှုအရ ဗီတာမင်ဒီဟာ အအေးမိခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်သလို စိတ်ဓာတ်ကျရောဂါကိုလည်း တွန်းလှန်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဗီတာမင်ဒီမှာ အလားတူ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိနေပါတယ်။ သတင်းကောင်းတစ်ခုကတော့ လူအများစုက ဗီတာမင်ဒီကို...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ဘယ်သူတွေမှာ ပိုတွေ့ရတတ်သလဲ ဗီတာမင်ဒီ လုံလောက်ပြည့်ဝစေဖို့အတွက် စားတဲ့အစာတစ်ခုတည်းနဲ့ သိပ်မလုံလောက်ပါဘူး။ အထူးသဖြင့် နေရောင်မရှိတဲ့နေရာမှာ နေတဲ့သူတွေ၊ အီကွေတာနဲ့ဝေးရာ တိုင်းပြည်တွေမှာနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အိမ်တွင်းမှာ အလုပ်လုပ်သူတွေ၊ အသားအရေမည်းသူတွေ၊ နေမလောင်အောင် ဆေး...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခုတလောမှာ ဆီးချိုလူနာတွေအပါအဝင် လူနာတော်တော်များများဟာ မိမိသဘောနဲ့ သောက်နေကြတဲ့ဆေးတစ်ခုကတော့ ဗီတာမင်ဒီ Vitamin D ဆိုတဲ့ဖြည့်စွက်ဆေးတမျိုးပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးကိုသောက်လို့ရသလား။ အကြာကြီး ဆက်သောက်တာ အန္တရာယ်ရှိနိုင်လားလို့လည်း မေးကြပါတယ်။ မီဒီယာမှာ ဗီတာမင်ဒီနဲ့တကွ တခြားဖြည့်စွက်စာများစွာကို ကျန်းမာရေးအတွက်...
၊ အေးမို့မို့ဇော် ၊ ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ကြောင်း နိုင်ငံပေါင်း ၁၄နိုင်ငံရှိ လူနာ၁၁၀ဝ၀အား Queen Mary University of London မှ သုတေသနပညာရှင်များမှ လေ့လာစမ်းသပ်ထားသည့် ထုတ်ပြန်ကြေညာချက်အရ သိရသည်။...
ဗီတာမင်ဒီကို နေရောင်ခြည်ကနေ အဓိကရရှိပါတယ်။ ဒါကြောင့် ကလေး၊ လူကြီးတွေဟာ မနက်ခင်းမှာ ကျရောက်တဲ့ နေခြည်နုနုကို ခံယူသင့်ပါတယ်။ ဗီတာမင်ဒီက လူ့ခန္ဓာကိုယ်အတွက် အောက်ပါကောင်းကျိုးတွေ ရရှိစေပါတယ်။ – တုပ်ကွေးရောဂါ အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ – ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ –...
၊ ငွေကြယ်စင်ယံ ၊ – ဗီတာမင်ဒီဟာ ကယ်လ်စီယမ်နဲ့ဖော့စ်ဖရပ်စ် စုပ်ယူရေးနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့အတွက် အရေးပါပါတယ်။ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတို့ဟာ လုပ်ငန်းအမျိုးမျိုး၊အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရိုးတည်ဆောက်မှုတို့ကို လုပ်ဆောင်ပါတယ်။ – ဗီတာမင်ဒီဟာ ကိုယ်ခံစွမ်းအားစနစ် ဟန်ချက် ညီမျှရေးအတွက် အရေးပါပါတယ်။ –...
မေး။ ။ ဗီတာမင်ဒီကို နေရောင်ခြည်ကရတယ်လို့ သိရပါတယ်။ အဘွားက အပြင်သိပ်မထွက်လို့ ဗီတာမင် ဒီရအောင် ဘယ်လို ကျွေးသင့်ပါသလဲ။ မယ်ထွေး၊ တောင်ကြီး။ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ။ ။ သက်ကြီးရွယ်အိုတွေကလည်း မနက်ခင်းမှာ...
နေခြည်နုနုလှုံတာကြောင့် ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ နွားနို့နဲ့ကွေကာ မှီဝဲရင်လည်း ဗီတာမင်ဒီ ရရှိမှုများပါတယ်။ ဗီတာမင်ဒီ အလုံအလောက်ရရှိတဲ့အတွက် ရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့- – စိတ်ဓာတ်တက်ကြွစေပါတယ် အသက်ကြီးချိန်မှာ ဗီတာမင်ဒီပမာဏ လျော့နည်းသူတွေက ဗီတာမင်ဒီပုံမှန်ရှိသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ၁၁ဆ ပိုများပါတယ်။ – နှလုံးကို...