Healthy Life Ad
Health Tips

သင့်ကျန်းမာရေးအတွက် ဗီတာမင်ဒီ

၊ ငွေကြယ်စင်ယံ ၊

– ဗီတာမင်ဒီဟာ ကယ်လ်စီယမ်နဲ့ဖော့စ်ဖရပ်စ် စုပ်ယူရေးနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့အတွက် အရေးပါပါတယ်။ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတို့ဟာ လုပ်ငန်းအမျိုးမျိုး၊အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရိုးတည်ဆောက်မှုတို့ကို လုပ်ဆောင်ပါတယ်။

– ဗီတာမင်ဒီဟာ ကိုယ်ခံစွမ်းအားစနစ် ဟန်ချက် ညီမျှရေးအတွက် အရေးပါပါတယ်။

– အအေးမိတာလို ဝေဒနာတွေ ကင်းစေဖို့ ကိုယ်ခံစွမ်းအားစနစ်ကောင်းအောင် ဗီတာမင်ဒီက လုပ်ဆောင်ပေးတယ်လို့ ကော်လိုရာဒိုဆေးတက္ကသိုလ်မှသိပ္ပံပညာရှင်တွေက ဆိုပါတယ်။

– ဗီတာမင်ဒီဟာ နာတာရှည်နာ့ဗ်ကြောဖွဲ့ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒီရောဂါက နေရောင်ခြည်များများရရှိတဲ့ ဒေသတွေမှာ အဖြစ်နည်းပါတယ်။

– ဗီတာမင်ဒီဟာ အသက်ကြီးရင့်လာချိန်မှာ ဦးနှောက်ကောငး် ကောငး် အလပု လ် ုပ်ဖြစ်စေရေးအတွက် အဓိက အခန်းကဏ္ဍကနေပါဝင်နေပါတယ်လို့ အသက်၄၀နဲ့ ၇၉ နှစ်ကြား ဥရောပအမျိုးသား သုံးထောင်ကိုလေ့လာမှုအရ သိရပါတယ်။

– ဗီတာမင်ဒီဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိရေးအတွက် အရေးပါတယ်လို့ ဂျော်ဂျီယာဆေးကောလိပ်မှာ ပြုလုပ်တဲ့ သုတေသနအရသိရပါတယ်။

– ဗီတာမင်ဒီဟာ ပန်းနာရင်ကျပ်ရောဂါဝေဒနာတွေကိုလျော့ကျစေပြီး ပန်းနာရင်ကျပ်ရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေကို လျော့ကျစေတယ်လို့ ကလေး၆၁၆ ဦးကို လေ့လာမှုအရ ဟားဗတ်ဆေးကျောင်းသုတေသီတွေက တွေ့ရှိထားပါတယ်။

– ဗီတာမင်ဒီဟာ အမျိုးသမီးတွေမှာ ရူမတွိုက်အဆစ်ရောင်နာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

– ဗီတာမင်ဒီဟာ ဓာတ်ရောင်ခြည် ထိတွေ့မှုကြောင့်ထိခိုက်မှုမဖြစ်စေဖို့ ခန္ဓာကိုယ်ကို ကာကွယ်ပေးတယ်လို့ နယူးရော့ခ်ကျန်းမာရေးဌာနက ဆိုပါတယ်။

– ဗီတာမင်ဒီအဆင့် အလုံအလောက် ရှိတဲ့သူတွေကအဆင့်နည်းသူတွေထက် ကင်ဆာဖြစ်နိုင်ခြေသိသိသာသာလျော့ကျမှုရှိကြောင်း လေ့လာမှုများစွာက ဆိုပါတယ်။ ကင်ဆာလူနာတွေမှာ ဗီတာမင် ဒီချို့တဲ့မှုအဖြစ်များကြောင်း အမေရိကန်ကင်ဆာကုသမှုစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။

နေရောင်ခြည်နှင့် ဗီတာမင်ဒီလိုအပ်ချက်

အပူပိုင်းဒေသတွေမှာ နေထိုင်ပြီး တစ်ပတ်မှာ၁၅မိနစ်လောက် နေခြည်နုနုကို ခံယူပေးရင်သင့်ခန္ဓာကိုယ်က ဗီတာမင်ဒီကို အလုံအလောက်ထုတ်လုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဗီတာမင် ဒီထုတ်လုပ်မှုဖြစ်စဉ်ကိုလျော့ကျစေတဲ့ အချက်တွေကတော့-

– နေရောင်ခြည်ကျရောက်မှု နည်းလွန်းတဲ့ အရပ်ဒေသမှာ နေထိုင်တာ၊ နေရောင်ခြည် ထိတွေ့မှု လျော့နည်းတာ၊

– တိမ်တွေ အုပ်ဆိုင်းနေတာ၊

– မီးခိုးတွေ ရှိနေတာ၊

– နေကာခရင်မ်လိမ်းတာတို့ပဲ ဖြစ်ပါတယ်။နေရောင်ခြည်ကနေ ဗီတာမင်ဒီကို အလအုံလောက်မရရှိရင် အစားအသောက်နဲ့ ဖြည့်စွက်ဆေးတို့မှဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေက ဗီတာမင်ဒီဖြည့်စွက်ဆေးကိုမှီဝဲသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top