Healthy Life Ad
Health Tips

ဗီတာမင်ဒီကို သဘာဝအတိုင်း ရရှိစေဖို့

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

အရွယ်မရွေး၊ အထူးသဖြင့် အိမ်ထဲမှာပဲ နေလေ့ရှိကြတဲ့ သက်ကြီးရွယ်အိုတွေကလည်း မနက်ခင်းမှာ ခဏလောက် နေပူဆာထွက်လှုံသင့်ပါတယ်။ မနက်စောစော ၆ နာရီခွဲကနေ ၈ နာရီအတွင်းမှာ မိနစ် ၂၀ လောက် နေပူဆာလှုံပေးသင့်ပါတယ်။

အစားအသောက်အနေနဲ့ စားသင့်တာက ငါးသေးသေးလေးတွေ၊ တူနာငါး၊ ဆယ်လ်မွန်ငါး စတဲ့ ငါးတွေကို ကျွေးသင့်ပါတယ်။ လိမ္မော်ရည်တိုက်သင့်ပါတယ်၊ ပဲနို့မှာလည်း ဗီတာမင်ဒီပါလို့ တိုက်ပေးသင့်ပါတယ်။

အထူးသဖြင့် လူကြီးတွေဆိုရင် ကွေကာအုတ် (Oat Meal Cereal) ကို မနက်တိုင်း တိုက်သင့်ပါတယ်။ ကွေကာအုတ်ဆိုတာ Oat Meal Cereal ကို ဆိုလိုတာပါ။ အဲဒါကို တစ်နေ့နှစ်ဇွန်းလောက် ရေနွေးနဲ့ကျိုပြီး နွားနို့တစ်ခွက်ထည့်ပါ၊ ပြီးရင် အိမ်မှာရှိတဲ့ သစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး စတာတွေကို မနက်စာအနေနဲ့ ပုံမှန်စားသောက်ပေးရပါမယ်။

ဗီတာမင်ဒီက အမဲအသည်း၊ ချိစ်၊ ဒိန်ခဲ၊ ကြက်ဥအနှစ်တွေထဲမှာလည်း ပါဝင်ပါတယ်။

ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ပူးပေါင်းရရှိမှ အရိုးပါးရောဂါမရအောင် ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ဗီတာမင်ဒီကလည်း အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top