Healthy Life Ad
Q & A

ဗီတာမင်ဒီရရှိစေမယ့် အစာ . . .

မေး။ ။ ဗီတာမင်ဒီကို နေရောင်ခြည်ကရတယ်လို့ သိရပါတယ်။ အဘွားက အပြင်သိပ်မထွက်လို့ ဗီတာမင် ဒီရအောင် ဘယ်လို ကျွေးသင့်ပါသလဲ။
မယ်ထွေး၊ တောင်ကြီး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ သက်ကြီးရွယ်အိုတွေကလည်း မနက်ခင်းမှာ ခဏလောက် နေပူဆာထွက်လှုံသင့်ပါတယ်။ မနက် စောစော ၆ နာရီခွဲကနေ ၈ နာရီအတွင်းမှာ မိနစ် ၂၀ လောက် နေပူဆာ လှုံပေးသင့်ပါတယ်။

အစားအသောက်အနေနဲ့ အဘွားကို ကျွေးသင့်တာက ငါးသေးသေးလေးတွေ၊ တူနာငါး၊ ဆယ်လ်မွန်ငါး စတဲ့ ငါးတွေကို ကျွေးသင့်ပါတယ်။ လိမ္မော်ရည်တိုက်သင့်ပါတယ်၊ ပဲနို့မှာလည်း ဗီတာမင်ဒီပါလို့ တိုက်ပေးသင့်ပါတယ်။

လူကြီးဆိုတော့ ကွေကာအုတ် (Cereal) ကို မနက်တိုင်း တိုက်သင့်ပါတယ်။ ကွေကာအုတ်ဆိုတာ Oat Meal ကို ဆိုလိုတာပါ။ အဲဒါကို တစ်နေ့ နှစ်ဇွန်းလောက် ရေနွေးနဲ့ ကျိုပြီး နွားနို့ တစ်ခွက်ထည့်ပါ၊ ပြီးရင် အိမ်မှာရှိတဲ့ သစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး စတာတွေကို မနက်စာအနေနဲ့ အဘွားကို ပုံမှန် ကျွေးပေးရပါမယ်။ဗီတာမင်ဒီက အမဲအသည်း၊ ချိစ်၊ ဒိန်ခဲ၊ ကြက်ဥအနှစ်တွေထဲမှာလည်း ပါဝင်ပါတယ်။
ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ပူးပေါင်းရရှိမှ အရိုးပါးရောဂါမရအောင် ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ဗီတာမင်ဒီကလည်း အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top