———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— “မာလာရှမ်းကောလေး စားချင်လိုက်တာ၊ စားပြီးရင် ဗိုက်မကောင်းမှာစိုးတယ်” “ဟော့ပေါ့ချဉ်ချဉ်စပ်စပ်လေး သောက်လိုက်ရရင်ကောင်းမှာပဲ၊ စားပြီးရင် ဗိုက်မကောင်းမှာစိုးတယ်” ဒါမျိုးတွေ တွေးနေမိပါသလား။ ပူပူစပ်စပ်လေးတွေကို တစ်ခါတလေ စားပေးရင် စိတ်ထဲမှာ နေလို့ကောင်းသွားတယ်၊ ကယ်လိုရီကျသွားတယ်၊ အဆီပိုတွေကို လျော့စေတယ်...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— အခုနောက်ပိုင်းမှာ အူမကြီးကင်ဆာဖြစ်နှုန်းကလည်း မြင့်တက်လာတဲ့အတွက် သတိထားကြိုတင်ကာကွယ်ရမယ့် ရောဂါတစ်ခုဖြစ်တာကြောင့် ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။ (၁) နနွင်းမှုန့် (ဆနွင်းမှုန့်) နနွင်းမှုန့်မှာ ကာကူမင်ဒြပ်ပေါင်းတစ်မျိုး ပါဝင်တာကြောင့် ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် အူမကြီးကင်ဆာအကျိတ် ကြီးထွားမှုမဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— မကောင်းတဲ့ ကိုလက်စထရောပမာဏ မြင့်တက်လာတဲ့အခါ သွေးတိုးခြင်းကိုဖြစ်စေသလို နှလုံးရောဂါဖြစ်နှုန်း၊ လေဖြတ်ခြင်းဖြစ်နှုန်းတွေလည်း မြင့်မားလာနိုင်ပါတယ်။ ဒါကြောင့် အဆီများတဲ့ အစားအသောက်တွေ၊ အဆင်သင့်အစာတွေ၊ ထပ်ပြန်တလဲလဲကြော်ထားတဲ့ အစားအသောက်တွေကို ဆင်ခြင်ပြီး ဒီသစ်သီးဖျော်ရည်တွေကို သောက်သုံးပေးပါ၊ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဆောင်ပေးပါ။...
—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—– Q. အခုနောက်ပိုင်း ဆီးချိုသမားတွေ စားသင့်တယ်ဆိုပြီး ဝဥကြာဆန်၊ ဝဥခေါက်ဆွဲတွေ ခေတ်စားလာပါတယ်။ အဲဒါတွေက တကယ်ပဲ ဆီးချိုသမားတွေ စားသင့်တာပါလား။ ဆိုးကျိုးတွေကော ရှိပါသလား ဆရာမ။ A. ဝဥကြာဆန်၊...
———၊ ဇွန် ၊——— ထမင်းဝိုင်းတစ်ခုကို ပြင်ဆင်ရာမှာ အင်တီအောက်ဆီးဒင့်ပါဝင်အောင် ထည့်သွင်းပြင်ဆင်သင့်ပါတယ်။ (၁) အာလူးနှင့် ကန်စွန်းဥပါဝင်ပါစေ အာလူးနဲ့ ကန်စွန်းဥတို့က အင်တီအောက်ဆီးဒင့်အများအပြား ပါဝင်တဲ့ အစာတွေပါ။ (၂) အချိုပွဲအဖြစ် သစ်တော်သီး၊ ပန်းသီး၊ ဆီးသီး ပါဝင်ပါစေ သစ်တော်သီး၊...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— ပဲစင်းငုံကို ပြုတ်ပြီးသုပ်စားတာ၊ ဟင်းလျာချက်စားတာ စသဖြင့် အမျိုးမျိုးစားလေ့ရှိကြပါတယ်။ အဲဒီလို စားတာကြောင့် အရွယ်အမျိုးမျိုးမှာ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။ သွေးတိုးကျစေခြင်း ပဲစင်းငုံမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ပဲစင်းငုံစားသူတွေက သွေးဖိအားကို ပုံမှန်အနေအထားမျိုးမှာ ထိန်းနိုင်တာပါ။...
—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—– Q. သတ်မှတ်ထားတဲ့ရက်ထက် နှစ်လကျော် ရက်လွန်အစားအစာတွေ (ဥပမာ-ဘီစကွတ်၊ ကော်ဖီမစ်၊ အသင့်စားသုံးဖို့ပြုတ်ထားတဲ့ ခေါက်ဆွဲ) အစရှိတာတွေကို စားသုံးမိရင် ဘာရောဂါဝေဒနာ ရရှိနိုင်ပါသလဲ။ ကင်ဆာရောဂါရရှိမှာလား။ ဦးသန့်ဇင်၊ ကျောက်တံတား။ A. အစားအသောက်ကနေ...
———၊ ငွေကြယ်စင်ယံ ၊——— ခေါင်းကိုက်ခြင်း ငါး (ပရိုတင်းဓာတ်) – ငါးအဆီက ခေါင်းကိုက်ဝေဒနာမရအောင် ကာကွယ်ပေးနိုင်တဲ့အတွက် ငါးများများစားပါ။ ချင်း(ဂျင်း)မှာလည်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေတဲ့အစွမ်းရှိပါတယ်။ ရာသီအပြောင်းအလဲကြောင့်ဖျားခြင်း ဒိန်ချဉ် – ရာသီအပြောင်းအလဲမဖြစ်ခင် ဒိန်ချဉ်များများသောက်ပါ။ လေဖြတ်ခြင်း လက်ဖက်ရည်...
———၊ ဇွန် ၊——— ဆရာဝန်တွေ၊ အာဟာရပညာရှင်တွေ အစရှိတဲ့ ဆေးပညာရှင်တွေဟာ သူတို့ဈေးစာရင်းထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အောက်ပါအစာတွေကို ထည့်သွင်းလေ့ရှိတတ်ပါတယ်။ ဘယ်ရီသီးများ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး စတဲ့ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို ဆေးပညာရှင်တွေက တစ်နေ့တစ်ပန်းကန်နီးပါး...
(၁) ထောပတ်သီး ထောပတ်သီးက အာဟာရသိပ်သည်းမှုအများဆုံး အသီးတစ်မျိုးပါ။ (၂) ပဲအမျိုးမျိုး ပရိုတင်းနဲ့ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အရွက်သုပ်တွေထဲ ထည့်စားသင့်ပါတယ်။ (၃) အဆီနည်းဒိန်ချဉ် အဆီနည်းဒိန်ချဉ်မှာ ပရိုတင်းပါဝင်မှုများပြီး အစာကြေညက်စေပါတယ်။ (၄) အမည်းရောင်ချောကလက် အစွမ်းထက် အင်တီအောက်ဆီးဒင့်ဖြစ်ပြီး အသင့်အတင့်စားပေးသင့်ပါတယ်။ (၅)...