Healthy Life Ad
Health Tips

အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျစေဖို့ ဒါတွေစားပေးပါ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အခုနောက်ပိုင်းမှာ အူမကြီးကင်ဆာဖြစ်နှုန်းကလည်း မြင့်တက်လာတဲ့အတွက် သတိထားကြိုတင်ကာကွယ်ရမယ့် ရောဂါတစ်ခုဖြစ်တာကြောင့် ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။

(၁) နနွင်းမှုန့် (ဆနွင်းမှုန့်)

နနွင်းမှုန့်မှာ ကာကူမင်ဒြပ်ပေါင်းတစ်မျိုး ပါဝင်တာကြောင့် ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် အူမကြီးကင်ဆာအကျိတ် ကြီးထွားမှုမဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။

(၂) သံလွင်ဆီ

ရောင်ရမ်းမှုကျစေတဲ့ သံလွင်ဆီကို ဟင်းရွက်သုပ်တွေထဲမှာ ထည့်စားပေးရင် အူမကြီးကင်ဆာဖြစ်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ မြေထဲပင်လယ်ဒေသအစာတွေမှာ သံလွင်ဆီများစွာ ပါဝင်တာကြောင့် ကျန်းမာပြီး အူမကြီးကင်ဆာဖြစ်နှုန်း လျော့နည်းရတာဖြစ်တယ်လို့ လေ့လာမှုများစွာက ဆိုထားပါတယ်။

(၃) ခရမ်းချဉ်သီး

စားနေကျအစားအသောက်ထဲမှာ ခရမ်းချဉ်သီးပါအောင် ထည့်စားတာက အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းလို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုး ပါဝင်လို့ပါပဲ။

(၄) အစိမ်းရောင်ဟင်းသီးဟင်းရွက်

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အူမကြီးထဲက အဆိပ်ဖြစ်စေတဲ့အရာတွေ၊ စွန့်ပစ်ပစ္စည်းတွေကို ကင်းစင်သွားအောင် ကူညီပေးပါတယ်။

(၅) ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာပါတဲ့ အမျှင်ဓာတ်က အူမကြီးကျန်းမာရေးပြဿနာမဖြစ်ခင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို စွန့်ထုတ်ပေးတာပဲ ဖြစ်ပါတယ်။ ပဲတွေမှာပါတဲ့ ဖောလိတ်ဓာတ်က အူမကြီးထဲက ပုံမမှန်ဒီအင်န်အေကို ပြန်လည်ပြုပြင်ပေးတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာပါ။

(၆) သစ်သီးများ

နေ့စဉ် သစ်သီးဝလံတွေကို များများစားပေးရင် အူမကြီးကို ကျန်းမာစေတယ်လို့ ကျွမ်းကျင်သူတွေကို ဆိုပါတယ်။

ဘာတွေဆင်ခြင်ရမလဲ

(၁) အနီရောင်အသား

(၂) တာရှည်ခံအောင် ပြုပြင်ထားတဲ့အစာ (ဆိုဒီယမ်နိုက်ထရိတ်ပါဝင်မှုများလို့ပါ)

(၃) အရက်အလွန်အမင်းသောက်ခြင်း

ဒီအမူအကျင့်တွေကို ဆင်ခြင်ပေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top