Healthy Life Ad
Health Tips

ပဲစင်းငုံစားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ပဲစင်းငုံကို ပြုတ်ပြီးသုပ်စားတာ၊ ဟင်းလျာချက်စားတာ စသဖြင့် အမျိုးမျိုးစားလေ့ရှိကြပါတယ်။ အဲဒီလို စားတာကြောင့် အရွယ်အမျိုးမျိုးမှာ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။

သွေးတိုးကျစေခြင်း

ပဲစင်းငုံမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ပဲစင်းငုံစားသူတွေက သွေးဖိအားကို ပုံမှန်အနေအထားမျိုးမှာ ထိန်းနိုင်တာပါ။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ ပဲစင်းငုံစားတာနဲ့အတူ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာ၊ ဆေးလိပ်နဲ့ အရက်မသောက်တာတို့ကို ပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာဖို့ အလွန်ထိရောက်မှုရှိပါတယ်။

သံဓာတ်ချို ့တဲ့သွေးအားနည်းရောဂါကို သက်သာစေခြင်း

ပဲစင်းငုံမှာ ဖောလိတ်ဓာတ်ပါတာကြောင့် နှလုံးသွေးကြောကျန်းမာရေးအတွက် သင့်တော်ပါတယ်။ ဗီတာမင်ဘီအမျိုးအစားတစ်ခုဖြစ်တဲ့ ဖောလိတ်ဓာတ်က သံဓာတ်နဲ့ပေါင်းပြီး သွေးနီဥထုတ်လုပ်မှုမှာ ပါဝင်လုပ်ဆောင်ပါတယ်။ ဒါကြောင့် သံဓာတ်ချို ့တဲ့ သွေးအားနည်းရောဂါရှိသူတွေက ပဲစင်းငုံစားသင့်ပါတယ်။ လစဉ်ရာသီသွေးဆင်းများတဲ့ မိန်းကလေးတွေလည်း ပဲစင်းငုံစားပေးရင် သံဓာတ်အားနည်းတဲ့ သွေးအားနည်းရောဂါဖြစ်နှုန်း လျော့ကျစေမှာပါ။

ကလေးတွေကို ပိုကျန်းမာစေခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပဲစင်းငုံစားပေးရင် ဖောလိတ်ဓာတ်ရပြီး မွေးရာပါချို ့ယွင်းချက်မပါတဲ့ ကလေးမွေးဖွားစေပါတယ်။

စွမ်းအင်အဆင့် မြင့်တက်စေခြင်း

ပဲစင်းငုံမှာပါတဲ့ ဗီတာမင်ဘီအုပ်စုက စွမ်းအင်ပြည့်ဝစေပါတယ်။ ဒါ့အပြင် ပဲစင်းငုံမှာ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားပေးလှုံ့ဆော်ပေးတာကြောင့် ခန္ဓာကိုယ်သွယ်လျစေပါတယ်။

အစာခြေလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေခြင်း

ပဲစင်းငုံမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကြေညက်မှုကို ကောင်းမွန်စေပြီး ဝမ်းဗိုက်ကျန်းမာစေပါတယ်။ ပဲစင်းငုံက အာဟာရဓာတ်ပြည့်ဝစေပြီး အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားပမာဏကို တိုးစေပါတယ်။ ပဲစင်းငုံမှာပါတဲ့ အမျှင်ဓာတ်က အူလှုပ်ရှားမှုကို ကောင်းမွန်စေတာကြောင့် ဝမ်းချုပ်တာကင်းစင်စေပါတယ်။

ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း

ပဲစင်းငုံမှာ များစွာပါဝင်တဲ့ အာဟာရဓာတ်က ဗီတာမင်စီပါ။ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့အတွက် ကိုယ်ခံအားစနစ်ကို သန်စွမ်းကျန်းမာစေပါတယ်။ ကိုယ်ခံအားစနစ် သန်စွမ်းရင် ချောင်းဆိုးခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ အအေးမိခြင်း စတဲ့ ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top