Healthy Life Ad
Health Tips

ဆေးပညာရှင်တို့ စားလေ့ရှိသည့် ဗီတာမင်ကြွယ်ဝသော အစာများ

———၊ ဇွန် ၊———

ဆရာဝန်တွေ၊ အာဟာရပညာရှင်တွေ အစရှိတဲ့ ဆေးပညာရှင်တွေဟာ သူတို့ဈေးစာရင်းထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အောက်ပါအစာတွေကို ထည့်သွင်းလေ့ရှိတတ်ပါတယ်။

ဘယ်ရီသီးများ

ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး စတဲ့ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို ဆေးပညာရှင်တွေက တစ်နေ့တစ်ပန်းကန်နီးပါး စားလေ့ရှိပါတယ်။

ထောပတ်သီး

ထောပတ်သီးဟာ အလွန်အာဟာရဓာတ်များတဲ့ စွယ်စုံရအစာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မိုနိုမပြည့်ဝဆီပါဝင်တဲ့အပြင် ငှက်ပျောသီးမှာထက် နှလုံးအကျိုးပြုပိုတက်စီယမ်ပမာဏ ပိုမိုပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင်ကေ၊ အေ၊ စီနဲ့ အီးတို့ပါတဲ့အတွက် တစ်နေ့ထောပတ်သီးတစ်လုံးရဲ ့ လေးပုံတစ်ပုံကို စားသင့်ပါတယ်။

ကိုက်လန်

အစိမ်းရင့်ရောင်ကိုက်လန်မှာ ဘီတာကယ်ရိုတင်း၊ ကယ်လ်စီယမ်၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင် အေ၊ စီနဲ့ ကေ ပမာဏများများ ပါဝင်နေပါတယ်။

ငါး

ငါးမှာ နှလုံးအကျိုးပြု အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်သလို အဆီနည်းတဲ့ ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။ ငါးလို ရောင်ရမ်းမှုလျော့ကျစေတဲ့ အစာတွေစားတာကြောင့် စိတ်နဲ့ခန္ဓာ ကျန်းမာစေပါတယ်။

အခွံမာသီးနှင့် အစေ့အဆန်

အခွံမာသီးနဲ့ အစေ့အဆန်တွေစားတာကြောင့် နှလုံးရောဂါ၊ သွေးတိုးတာနဲ့ ဆီးချိုရောဂါတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top