မေး. ငလျင်လှုပ်တာလို သဘာဝဘေးအန္တရာယ်တစ်ခုခု ကြုံပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဘယ်လောက်အထိ ဖြစ်တတ်ပါသလဲ ဆရာ။ ဒေါ်ထွေး၊ ကျောက်မြောင်း။ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. ငလျင်လှုပ်တာ တစ်ကြိမ်ကြုံပြီးတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများလာတတ်ပါတယ်။...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းဆက်စပ်မှုကို ရှင်းပြပေးပါ ဆရာ။ ဖြေ. ဆီးချိုရောဂါမှာ အမျိုးအစား(၁) ဆီးချိုရောဂါနဲ့ အမျိုးအစား(၂)ဆီးချိုရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက အသက်ငယ်ပြီး ပိန်ကြပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ဝပြီးအသက်ကြီးကြပါတယ်။...
မေး. သွေးတိုးရောဂါရှိလို့ ဆရာဝန်နဲ့သေချာပြပြီး ဆေးလည်းသောက်ပါတယ်။ သွေးတိုးကျဖို့အတွက် တခြားဘယ်အချက်တွေက အရေးကြီးပါသလဲ။ ဦးမင်းမြင့်ဝင်း၊ ကျောက်မြောင်း။ ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. နောက်ထပ်အရေးကြီးတာက နေထိုင်မှုပုံစံကလည်းအရေးကြီးပါတယ်။ – တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပါ။ သွေးပေါင်တက်နေချိန်မှာတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ –...
မေး။ ။ ကျွန်မအမေမှာ ဆီးချိုရောဂါရှိပါတယ်။ ဆီးချိုနဲ့ သွေးတိုး၊ နှလုံးစတဲ့ရောဂါတွေက ဆက်စပ်မှုရှိတာ များတယ်လို့ပြောကြတယ်။ ဟုတ်ပါသလား။ ဘာကြောင့်ပါလဲ။ ဘယ်လိုကာကွယ်ရမလဲ။ နီနီ(FB) ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဖြေကြားသည်။ ဖြေ။ ။ မှန်ပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး။ ။ အိပ်စက်မှုဆိုတာ ဘာကိုဆိုလိုပါသလဲဆရာ။ ဖြေ။ ။ အိပ်စက်တယ်ဆိုတာ စိတ်ရော ခန္ဓာပါ အပန်းပြေတဲ့အခြေအနေပါ။ အိပ်စက်တာက ခန္ဓာကိုယ်ကိုပြန် လည်ပြုပြင်ပေးနိုင်ပြီး ပျက်စီးသွားတဲ့တစ်သျှူးတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ အိပ်စက်မှုကြောင့် စိတ်နဲ့ခန္ဓာကို အားပြည့်စေပါတယ်။ မေး။...
မေး။ ။ ကိုယ့်ကိုယ်ကိုယ် သွေးတိုးရှိမှန်း မသိတဲ့ သူတစ်ယောက်ဟာ မူးဝေလာတဲ့အခါမှာ သွေးတိုးလို့ထင်ပြီး သွေးကျဆေးတွေ သောက်တတ်ကြပါတယ်။ ဒါက အန္တရာယ်ရှိနိုင်သလားရှင့်။ ကိုထူး (FB) ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဖြေကြားသည်။ ဖြေ။ ။ အန္တရာယ်ရှိပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုရောဂါရှိသူတွေ ဘယ်အချိန်မှာ လေဖြတ်နိုင်ခြေများပါသလဲ ဆရာ။ ဖြေ. ဆီးချိုသက်တမ်းရင့်လာရင် လူနာအများစုက ဆီးချိုထိန်းတာ မကောင်းတတ်ကြတော့ပါဘူး။ အဲဒါကြောင့် ဆီးချိုသက်တမ်းရင့်လာတဲ့အခါမှာရော ဆီးချိုကိုထိန်းတာ မကောင်းတဲ့အခါမှာရော လေဖြတ်နိုင်ခြေ များတတ်ပါတယ်။ ဆီးချိုရောဂါနဲ့တွဲပြီး သွေးတိုးရောဂါ၊ အဆီများတာတွေတွဲနေရင်တော့...
မေး. မေးခိုင်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။ ဦးတက်ထွန်း၊ ရေနံချောင်း။ ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. မေးခိုင်ရောဂါ ဘက်တီးရီးယားပိုးတွေက ဒဏ်ရာကတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ရက်အနည်းငယ်မှ ရက်သတ္တပတ်အထိ လက္ခဏာတွေက တစ်ချိန်ချိန်မှာ ပြတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ရောဂါပျိုးချိန်က...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ကိုယ်ခံအားစနစ်ကျဆင်းတာကနှစ်မျိုးရှိပါတယ်။ (၁) ရောဂါကြောင့် ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့ (၂) အလုပ်များပြီး အစာကောင်းကောင်းမစား၊ အနားမယူတာကြောင့် ကိုယ်ခံအားစနစ်ကျတာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ရောဂါကြောင့် ဆိုရင်တော့ အဲဒီရောဂါကို ကုရမှာပါ။ ရောဂါကြောင့် မဟုတ်ဘဲ အနေအထိုင်၊...
မေး ။ သွေးတိုးရောဂါရှိသူတွေ လူ့သက်တမ်းစေ့နေနိုင်အောင် ဘာအကြံပြုလိုပါသလဲ ဆရာ။ ကိုဝင်းမြင့်၊ တွံတေး။ ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ သွေးတိုးရောဂါ ရှိနေသူတွေအနေနဲ့ အငန်လျှော့စားရပါမယ်။ အဆီအအိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကိုလျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို...