Healthy Life Ad
Q & A

မေးခိုင်ရောဂါလက္ခဏာများ . . .

မေး. မေးခိုင်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဦးတက်ထွန်း၊ ရေနံချောင်း။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မေးခိုင်ရောဂါ ဘက်တီးရီးယားပိုးတွေက ဒဏ်ရာကတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ရက်အနည်းငယ်မှ ရက်သတ္တပတ်အထိ လက္ခဏာတွေက တစ်ချိန်ချိန်မှာ ပြတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ရောဂါပျိုးချိန်က ၇-၈ ရက်ကြာတတ်ပါတယ်။ မေးခိုင်ရောဂါရဲ့ လက္ခဏာတွေက မေးရိုးကြွက်သားတောင့်တင်းတာ၊ လည်ပင်းကြွက်သားတောင့်တင်းတာ၊ အစာမျိုရခက်ခဲတာ၊ ဝမ်းဗိုက်ကြွက်သားတင်းမာတာတို့ဖြစ်တတ်သလို ဖျားတာ၊ ချွေးထွက်များတာ၊ သွေးဖိအားမြင့်တက်တာနဲ့ နှလုံးခုန်နှုန်းမြန်တာတို့လည်း ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top