Healthy Life Ad
Health Tips

ကိုယ်ခံအားစနစ် မြင့်တက်ပြီး ရာသီတုပ်ကွေးပိုးကို ခုခံနိုင်စွမ်းရှိအောင် . . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ကိုယ်ခံအားစနစ်ကျဆင်းတာကနှစ်မျိုးရှိပါတယ်။

(၁) ရောဂါကြောင့် ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့

(၂) အလုပ်များပြီး အစာကောင်းကောင်းမစား၊ အနားမယူတာကြောင့် ကိုယ်ခံအားစနစ်ကျတာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ရောဂါကြောင့် ဆိုရင်တော့ အဲဒီရောဂါကို ကုရမှာပါ။

ရောဂါကြောင့် မဟုတ်ဘဲ အနေအထိုင်၊ အစားအသောက်ကြောင့် အားနည်းတယ်ဆိုရင်တော့ အဓိကအနေနဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာတို့ကို လိုက်နာပြီး ကိုယ်ခံအားစနစ် မြင့်တက်အောင်လုပ်ရမှာ ဖြစ်ပါတယ်။
ကိုယ်ခံစွမ်းအားစနစ် ကျဆင်းစေတဲ့ ရောဂါတွေက ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊HIV ပိုးရှိတာ၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ တာရှည်စတီးရွိုက် ဆေးစွဲသောက်နေရတာ စတာတွေဖြစ်ကြပါတယ်။ရောဂါမရှိဘဲ သူတစ်ပါးတွေထက် ပိုဖျားလွယ်၊ ပိုအအေးမိလွယ်တဲ့သူတွေက အလုပ်ကလည်း များတတ်တယ်၊ အစာကိုလည်း ကောင်းကောင်းမစားတတ်ဘူး၊ အိပ်ရေးဝ၀မအိပ်ဘူး . . ဒါတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒီလိုလူတွေကတော့

အအေးမမိအောင် နွေးနွေးထွေးထွေး နေရပါမယ်၊

အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေများများ စားရပါမယ်၊

အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပေးရပါမယ်၊

ရေများများသောက်ရပါမယ်၊

အိပ်ရေးဝ၀အိပ်ရပါမယ်၊

လေ့ကျင့်ခန်း ပုံမှန်လုပ်ရပါမယ်၊

လူများတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ် . . .

ဒီလိုအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်ပြီး ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိနေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top