Healthy Life Ad
Q & A

ဆီးချိုနဲ့ ဆက်စပ်တတ်တဲ့ ရောဂါတွေ . . .

မေး။ ။ ကျွန်မအမေမှာ ဆီးချိုရောဂါရှိပါတယ်။ ဆီးချိုနဲ့ သွေးတိုး၊ နှလုံးစတဲ့ရောဂါတွေက ဆက်စပ်မှုရှိတာ များတယ်လို့ပြောကြတယ်။ ဟုတ်ပါသလား။ ဘာကြောင့်ပါလဲ။ ဘယ်လိုကာကွယ်ရမလဲ။
နီနီ(FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ မှန်ပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်းအဆီများတာ၊ လေဖြတ်တာ၊ ကင်ဆာဖြစ်တာ၊ အဝလွန်တာတွေက တစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိပြီး ဒီရောဂါတွေကို ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများ (NCD)လို့ခေါ်ပါတယ်။ ဒါတွေက ၂၁ ရာစုမှာ အဖြစ်များနေပါတယ်။ ဒီရောဂါတွေဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကြောင့်ပါ။

အဆီအအိမ့်၊ အချို၊ အငန်ပါတဲ့ အစားအသောက်အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ အရက်ကို အန္တရာယ်ရှိလောက်တဲ့ ပမာဏသောက်တာ၊ စိတ်ဖိစီးမှုများတာစတဲ့ အချက်တွေကြောင့်ဖြစ်တတ်တာကြောင့် ဒီရောဂါတွေမဖြစ် အောင် ဒီအချက်တွေကိုရှောင်ဖို့၊ တစ်နေ့ နာရီဝက်နဲ့ တစ်ပတ် ငါးရက်လေ့ကျင့်ခန်းလုပ်ဖို့၊ ဟင်းသီးဟင်း ရွက်များများစားပေးဖို့ လိုပါတယ်။ ဆီးချိုရှိရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျဆေးကုသမှုခံယူရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top