Healthy Life Ad
Health Tips

လက်သည်း၊ ခြေသည်း အားနည်းကြွပ်ဆတ် မှုကို ဖြေရှင်းနိုင်မည့် သဘာဝနည်း ၁၀

——-၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——-

မိန်းကလေးတစ်ယောက်ရဲ့ အလှအပထဲမှာ လက်သည်း၊ ခြေသည်း လှပသန်စွမ်းကျန်းမာဖို့လည်း အရေးပါနေပါတယ်။ လက်သည်းကြွပ်ဆတ်ပြီး အားနည်းနေရင် လက်သည်းသန်စွမ်းကျန်းမာစေဖို့ လိုက်နာသင့်တဲ့ သဘာဝနည်းတွေ ရှိနေပါတယ်။


(၁) ဗီတာမင်အီး
ဗီတာမင်အီးက လက်သည်းအခြေအနေကို ကောင်းစေရုံသာမက လက်သည်းပန်းကုံးတွေကိုပါ တောက်ပြောင်စေပါတယ်။ လက်သည်းထိခိုက်တာ၊ ကြွပ်ဆတ်တာတွေကို ပြန်လည်ပြုပြင်ပေးပြီး လက်သည်းပန်းကုံးတွေကို အနာကျက်စေပါတယ်။ သွေးလှည့်ပတ်မှုကောင်းစေပြီး လက်သည်းသန်စွမ်းစေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ

လက်သည်းပေါ်မှာ ဗီတာမင်အီးအဆီကို တိုက်ရိုက်သုတ်လိမ်းပေးပါ။


(၂) အုန်းဆီ
အုန်းဆီက ကောင်းတဲ့အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး လက်သည်းတွေကို မကောင်းတဲ့ဖရီးရယ်ဒီကယ်ရဲ့ သက်ရောက်မှုကနေ ကာကွယ်ပေးပါတယ်။ အုန်းဆီက ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်ပိုးကို တွန်းလှန်ပေးတဲ့ အစွမ်းလည်းရှိပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
အုန်းဆီနွေးနွေးကို လက်သည်းနဲ့ လက်သည်းတစ်ဝိုက်အရေပြားမှာ သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးရပါမယ်။


(၃) ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်က လက်သည်းကို သန်စွမ်းစေပြီး လက်သည်းပန်းကုံးတွေကို နူးညံ့စေကာ လက်သည်းတွေကို မြန်မြန်သန်စွမ်းစေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
ရေနွေးတစ်ဖန်ခွက်ထဲ ပန်းသီးရှလကာရည်နွေး ထမင်းစားဇွန်းတစ်ဇွန်းထည့်ကာ အဲဒီအရည်ထဲ လက်သည်းတွေကို မိနစ်အနည်းငယ်ကြာ နှစ်ထားပေးပါ။ ကောင်းမွန်တဲ့ရလဒ် ရတဲ့အထိ ထပ်ခါတလဲလဲ လုပ်ပေးနိုင်ပါတယ်။


(၄) လက်ဖက်ဆီ
လက်ဖက်ဆီက အလွန်အားကောင်းတဲ့ ပိုးသတ်အစွမ်းနဲ့ ဖန်းဂတ်စ်မှိုသတ်အစွမ်းတို့ ရှိပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
လက်ဖက်ဆီနှစ်စက်ခန့်ကို သံလွင်ဆီ/ အုန်းဆီ/ ဗာဒံစေ့ဆီ လက်ဖက်စားဇွန်းတစ်ဝက်နဲ့ ရောမွှေပြီး လက်သည်းတွေပေါ် လိမ်းပေးပါ။ ပြီးရင် မိနစ်အနည်းငယ်ကြာ နှိပ်ပေးရပါမယ်။


(၅) သံပရာရည်
သံပရာသီးမှာ ဗီတာမင်စီ ပါဝင်မှုများတာကြောင့် ကော်လာဂျင်ထွက်ရှိမှုတိုးစေပြီး လက်သည်းတွေကို ပိုသန်စွမ်းစေပါတယ်။ သံပရာရည်မှာ အယ်လ်ဖာဟိုက်ဒရောက်ဆီ အက်စစ်ပါဝင်တာကြောင့် လက်သည်းတွေကို လင်းလက်စေပြီး အနာကျက်စေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
သံပရာသီးတစ်ဝက်ကို ညှစ်ပြီး ရေနွေးအကြမ်းပန်းကန်လုံးတစ်ခွက်ထဲထည့်ကာ လက်သည်းတွေကို ၅-၁၀ မိနစ် စိမ်ပေးပါ။


(၆) သံလွင်ဆီ
သံလွင်ဆီက လက်သည်းတွေကို အစိုဓာတ်ထိန်းနိုင်ပြီး အာဟာရပြည့်စေပါတယ်။ ဗီတာမင်အီး ပါဝင်မှုများပြီး လက်သည်းထိခိုက်မှုကို ပြန်လည်ပြုပြင်ပေးကာ လက်သည်းကြီးထွားစေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
လက်သည်းတွေပေါ် သံလွင်ဆီနွေးနွေးလေး လိမ်းပေးပြီး ၅- ၁၀ မိနစ်ခန့် နှိပ်ပေးရပါမယ်။


(၇) ကြက်ဥအနှစ်နှင့် ပျားရည်
ကြက်ဥအနှစ်မှာ ဗီတာမင်အေနဲ့ ဖက်တီးအက်စစ်ပါတာကြောင့် လက်သည်းအားနည်းပါးလျပြီး ကြွပ်ဆတ်မှုကို သက်သာစေပါတယ်။ လက်သည်းကျန်းမာသန်စွမ်းဖို့ ပျားရည်နည်းနည်းထည့်လိမ်းပေးရင် မှိုပိုးသေစေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
ကြက်ဥအနှစ်တစ်လုံးထဲ ပျားရည်နွေး လက်ဖက်စားဇွန်းတစ်ဝက်ရောကာ လက်သည်းတွေမှာ လိမ်းပေးပါ။ ၁၅ မိနစ်ကြာထားပြီးမှ ရေနဲ့ဆေးချရပါမယ်။


(၈) နှမ်းကြတ်စေ့ဆီ
နှမ်းကြတ်စေ့ဆီမှာ ဖက်တီးအက်စစ်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် လက်သည်းသန်စွမ်းစေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
နှမ်းကြတ်စေ့ဆီကို လက်သည်းတွေပေါ်လိမ်းပြီး မိနစ်အနည်းငယ်ကြာ နှိပ်ပေးရပါမယ်။


(၉) ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီမှာ ဗီတာမင်အေ၊ ဘီနဲ့ အီးတို့ ပါဝင်မှုအလွန်များတာကြောင့် လက်သည်းတွေကို ပြန်လည်ပြုပြင်ပေးပါတယ်၊ အစိုဓာတ်ထိန်းပေးပါတယ်၊ အားပြည့်စေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
ဗာဒံစေ့ဆီကို နွေးအောင်လုပ်ပြီး လက်သည်းတဝိုက် လိမ်းပေးပြီး ၂-၃ မိနစ်ခန့် နှိပ်ပေးပါ။


(၁၀) ဂျိုဂျိုဘားဆီ

ဂျိုဂျိုးဘားဆီက ဖက်တီးအက်စစ်အမျိုးအစား အနည်းငယ်၊ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပါဝင်ပြီး လက်သည်းတွေကို သန်စွမ်းကျန်းမာစေပါတယ်။

ဘယ်လိုလုပ်ပေးရမလဲ
ဂျိုဂျိုးဘားဆီကို လက်သည်းတွေပေါ် သုတ်လိမ်းပြီး ၂-၃ မိနစ်ခန့် နှိပ်ပေးပါ။

Most Popular

Healthy Life Ad
To Top