Healthy Life Ad
Life Style

အမျိုးသားတို့ အဖြစ်များသည့် ခြေထောက်အနံ့ဆိုးထွက်ခြင်း

ခြေထောက်အနံ့ဆိုးထွက်တာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ ဖြစ်တဲ့အမျိုးသားနဲ့ သူ့ပတ်ဝန်းကျင်က လူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ခံစားချက်လည်း ဖြစ်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များရတဲ့ အဓိကအကြောင်းရင်းက ရှူးဖိနပ်တစ်ရံတည်းကို နေ့တိုင်းစီးတာကြောင့် ဖြစ်ပါတယ်။

ဘာကြောင့် ခြေထောက်ချွေးထွက်ရသလဲ

ခန္ဓာကိုယ်ရဲ ့ တခြားနေရာတွေမှာထက် ခြေထောက်မှာ ချွေးဂလင်းပိုရှိပါတယ်။ ပုံမှန်အပူချိန်မှာတောင် ခြေထောက်က ချွေးထွက်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခြေထောက်မှ ချွေးထွက်နိုင်ခြေ ပိုများပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါနဲ့ ချွေးထွက်များတဲ့ ကျန်းမာရေးပြဿနာရှိတဲ့အခါ ခြေထောက်က ချွေးထွက်နိုင်ခြေ ပိုများပါတယ်။ ခြေထောက်ဝဲစွဲတာလို ဖန်းဂတ်စ်ပိုးဝင်တဲ့ အခြေအနေကြောင့်လည်း ခြေထောက်အနံ့ဆိုးထွက်တတ်ပါတယ်။

ရှူးဖိနပ်စီးပြီး ချွေးထွက်နေတဲ့အခါ ခြေထောက်အနံ့ဆိုးထွက်တတ်သလို စိုနေတဲ့ဖိနပ်ကို မခြောက်သေးခင် စီးမိတဲ့အခါမှာလည်း ခြေထောက်အနံ့ဆိုး ထွက်တတ်ပါတယ်။ ခြေထောက်တွေက တစ်နေ့လုံး ရှူးဖိနပ်ထဲမှာ ချွေးထွက်ပြီး စိုစွတ်ရာက ဘက်တီးရီးယားတွေ ပွားများလာပါတယ်။ အဲဒီအချိန်မှာ ဖိနပ်ချွတ်လိုက်ရင်တောင် ဘက်တီးရီးယားတွေ ဆက်ပွားနေတတ်ပါတယ်။ နောက်တစ်နေ့မှာ အဲဒီဖိနပ် ပြန်စီးလိုက်ရင် ခြေထောက်အနံ့ဆိုး ဆက်လက်ထွက်ရှိနေမှာပဲ ဖြစ်ပါတယ်။

ခြေထောက်အနံ့ဆိုးမထွက်အောင် ဘယ်လိုလုပ်သင့်သလဲ

(၁) ခြေထောက်အနံ့ဆိုးကင်းပြီး ချွေးနံ့မနံစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းအောင် ဂရုစိုက်ရပါမယ်။ ပြီးရင် ရှူးဖိနပ်ကို ပုံမှန်လဲစီးပေးရပါမယ်။ ရှူးဖိနပ်တစ်ရန်တည်းကို နှစ်ရက်ဆက်တိုက် မစီးသင့်ပါဘူး။ တစ်နေ့စီးပြီးရင် နောက်တစ်နေ့လောက်ခြောက်သွေ့အောင် ထားသင့်ပါတယ်။

(၂) ခြေထောက်ကို နေ့တိုင်းဆေးကြောပြီး ခြောက်သွေ့အောင် ထားရပါမယ်။ ခြေအိတ်ကို တစ်နေ့အနည်းဆုံးတစ်ကြိမ် အသစ်လဲပေးရပါမယ်။

(၃) ခြေထောက်ကို ချွေးနံ့ပျောက်ဆေး ဖျန်းပေးရပါမယ်။

(၄) သားရေဖိနပ်၊ ကင်းဗတ်ရှူး စတာတွေက လေဝင်လေထွက်ကောင်းလို့ စီးပေးသင့်ပါတယ်။

(၅) ခြေချောင်းထိပ်တွေက အလုံပိတ်မဟုတ်တဲ့ ဖိနပ်ကို ရွေးချယ်စီးသင့်ပါတယ်။

ခြေထောက်အနံ့ဆိုးထွက်ခြင်းအား ကုသမှု

ခြေထောက်အနံ့ဆိုးထွက်တာ ကင်းစင်သွားစေဖို့ ခြေထောက်တွေကို ဘက်တီးရီးယားပိုးသတ်ဆပ်ပြာနဲ့ ဆေးကြောပေးသင့်ပါတယ်။ နှစ်မိနစ်လောက် အဲဒီဆပ်ပြာနဲ့တိုက်ပြီး ဆေးပေးပါ။ တစ်နေ့နှစ်ကြိမ်လောက် လုပ်ပေးရင် တစ်ပတ်အတွင်း အနံ့ဆိုးထွက်တာ သက်သာသွားပါလိမ့်မယ်။

ခြေထောက်ကို ဆားရေထဲစိမ်ကာ ကြေးချွတ်ဆေးကြောပေးရင်လည်း အနံ့ဆိုးကင်းစင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top