– လရိပ်မေ
ညှို့အားပြင်းတယ်လို့ သတ်မှတ်ခံရတဲ့ ဂျက်ဆီကာဘယ်လ်ဘာက အသက် ၁၂နှစ်ကတည်းက အစားအသောက်စားသုံးမှုကို ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်မရဲ့ မိသားစုဝင်တိုင်းက အဝလွန်သူတွေပါ။ ဒါကြောင့် ကျွန်မအနေနဲ့ ပိုကျန်းမာလာအောင် အသက် ၁၂ နှစ်ကတည်းက ကိုယ့်ဘာသာ ချက်စားခဲ့ပါတယ်။
နံနက်စာစားတဲ့အခါမှာ ကြက်ဥ၊ ဘဲဥအကာ၊ သစ်သီးနဲ့ သစ်တော်သီးတွေကို စားပြီး နေ့လယ်စာအနေနဲ့ ဟင်းရွက်သုပ်ကို များများစားပါတယ်။
ညစာမှာ ဟင်းသီးဟင်းရွက်နဲ့ ကြက်သား ဒါမှမဟုတ် ငါးကို စားလေ့ရှိပါတယ်။ တစ်နေ့လုံး သစ်သီးခြောက်တွေ၊ စတော်ဘယ်ရီဒိန်ချဉ်နဲ့ ချောကလက်ကို စားပါတယ်။ အချိုပွဲနဲ့ ပေါင်မုန့်ကို ဘယ်တော့မှမဟားပါဘူး”လို့ ဂျက်ဆီကာက ဆိုပါတယ်။
လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပြီး တစ်ရက်မှာ ၄၅ မိနစ်ကြာလုပ်ပါတယ်။ ကိရိယာလွတ်ရော၊ ကိရိယာနဲ့ပါ လေ့ကျင့်ခန်းလုပ်သူပါ။
“လေ့ကျင့်ခန်းလုပ်ပြီးသွားတိုင်း စွမ်းအင်တွေပြည့်ဝလာပြီး နေလို့ ပိုကောင်းလာသလို ကျွန်မခံစားရပါတယ်” လို့ သူကရှင်းပြပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)