Healthy Life Ad
Health Tips

တစ်နှစ်တာအတွင်း သင့်ခန္ဓာကိုယ် ဘယ်လိုဖြစ်လာမှာလဲ

တစ်နှစ်လုံးမှာ သင့်ခန္ဓာကိုယ်က အောက်ပါအတိုင်း ပြောင်းလဲနေပါတယ်။

• ယေဘုယျအားဖြင့် လူတစ်ယောက်က တစ်နှစ်အတွင်း ဆီး ၁၃၅ ဂါလံ ထွက်ရှိပါတယ်။ ဒီပမာဏက ရေချိုးကန်နှစ်ကန်စာပြည့်တဲ့အထိ လုံလောက်ပါတယ်။

• ယေဘုယျအားဖြင့် လူတစ်ယောက်က တံတွေး ၉၁ ဂါလံ ထွက်နေပါတယ်။

• နှလုံးက အကြိမ်ရေ ၂၅ သန်း လောက်ခုန်ပါတယ်။

• မျက်တောင်ခတ်နှုန်းက ၃၆၅ ရက်အတွင်း ၅၆၀၆,၄၀ဝ (ငါးသန်း ခြောက်သောင်းကျော်)ရှိပါတယ်။

• အကြမ်းအားဖြင့် ဆဲလ် ၁၈-၂၅ ထရီလီယံ (trillion) လောက် သေဆုံးနေပါတယ်။ တချို့ဆဲလ်တွေက အရေပြားဆဲလ်တွေဖြစ်ပြီး ဆုံးရှုံးတဲ့ အရေပြားဆဲလ်ပမာဏက သကြားရှစ်အိတ်စာ(ရှစ်ပေါင်)လောက် ရှိပါတယ်။

• ဆံပင်တွေက ယေဘုယျအားဖြင့် ခြောက်လက်မလောက် ရှည်လာပြီး လက်သည်းတွေက တစ်လက်မခွဲလောက် ရှည်ထွက်လာပါတယ်။

• လူအများစုဟာ တစ်နှစ်အတွင်း ပျင်းရိငြီးငွေ့တာ၊ အိပ်ငိုက်တာတို့ကြောင့် အကြိမ်ရေ ၁၈၂၅ သမ်းပြီး အိပ်စက်ချိန်က ၂၉၂၀ နာရီရှိပါတယ်။

• သွေးတွေက ခန္ဓာကိုယ်ထဲမှာ မိုင်ပေါင်း ၄ ဒသမ ၃၈ သန်းခန့် လှည့်လည်စီးဆင်းနေပါတယ်။

Most Popular

Healthy Life Ad
To Top