Healthy Life Ad
Life Style

တစ်နေ့လုံး အာရုံစူးစိုက်မှုကောင်းစေမည့် နည်း ၁၂ သွယ်

– စူး (ဆေးဝါးတက္ကသိုလ်)

(၁) တစ်ချိန်တည်းမှာ အလုပ်မျိုးစုံလုပ်တာ ရှောင်ပါ

တစ်ချိန်တည်းမှာ အလုပ်မျိုးစုံလုပ်တာက အမှားများစေနိုင်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။

(၂) တရားထိုင်ပါ

တရားထိုင်တာကြောင့် အာရုံစိုက်နိုင်စွမ်းကောင်းပြီး တစ်နေ့လုံးလုပ်သမျှ စူးစိုက်အားကောင်းကာ အလုပ်တွင်ကျယ်စေပါတယ်။

(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ထဲကနေ မှတ်ဉာဏ်လုပ်ငန်းဆောင်တာတိုးတက်စေပြီး အာရုံ စူးစိုက်နိုင်စွမ်းကောင်းမွန်စေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

(၄) လုပ်ရမယ့်စာရင်း ချရေးပါ

တစ်နေ့တာ လုပ်ရမယ့် စာရင်းတွေကို ချရေးလိုက်ရင် ဘာလုပ်ရမယ်ဆိုတာကို ပိုသိလာပြီး ပိုလုပ်နိုင်လာပါလိမ့်မယ်။

(၅) ကဖင်းနည်းနည်းပါတာ စားသောက်ပါ

လေ့လာမှုတချို့အရ ကဖင်းနည်းနည်းပါတဲ့ အစားအသောက်တွေစားပေးရင် အာရုံစူးစိုက်မှုကောင်းစေတယ်လို့ သိရပါတယ်။

(၆) အနားယူပါ

အလုပ်ကနေ ခဏတာ အနားယူတာက အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေပါတယ်။ ဒါကြောင့် အလုပ်ကို တောက်လျှောက်မလုပ်ဘဲ မကြာခဏ အနားယူပေးပါ။

(၇) အလုပ်မှာပဲ အလုပ်လုပ်ပါ

အလုပ်လုပ်ချိန်မှာပဲ အလုပ်လုပ်ပြီး ကျန်တဲ့အချိန်မှာ စိတ်ရောကိုယ်ပါ အနားပေးပါ။

(၈) ဦးနှောက်ကို လေ့ကျင့်ပါ

ဦးနှောက်ကို တွေးခေါ်ဆင်ခြင်တတ်အောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါက ဘာပဲလုပ်လုပ် အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေပါတယ်။

(၉) တိတ်ဆတ်သော နေရာရှာပါ

ဆူညံသံတွေက စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းကော်တီစောအထွက်တိုးစေပြီး ဦးနှောက်လုပ်ငန်းဆောင်တာကို ထိခိုက်စေပါတယ်။ ဒါကြောင့် တိတ်ဆိတ်တဲ့ နေရာမှာနေပါ။

(၁၀) ၂၀-၂၀-၂၀ စည်းမျဉ်းလိုက်နာပါ

ကွန်ပျူတာ စကရင်သုံးချိန် နာရီနဲ့ချီသွားတိုင်း မျက်လုံးညောင်းလာပါတယ်။ ဒီလိုမဖြစ်အောင် ကွန်ပျူတာ သုံးချိန် ၂၀ မိနစ်ကြာတိုင်း ပေ ၂၀အကွာကို ၂၀ စက္ကန့်ကြာ ငေးကြည့်ပေးပါ။

(၁၁) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

ညဘက်မှာ အချိန် ၇ နာရီခန့် အိပ်ရေးဝ၀ အိပ်စက်အနားယူတာကြောင့်အနားရစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။

(၁၂) အင်တာနက်ပိတ်ထားပါ

ဖေ့စ်ဘွတ်ပိတ်ပြီး အလုပ်လုပ်တာကလည်း အလုပ်ထဲမှာ အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top