Healthy Life Ad
Life Style

ယုံကြည်မှုတိုးစေမယ့် နည်းလမ်းကောင်းခုနှစ်သွယ်

———၊ လရိပ်မေ ၊———

(၁) ကိုယ့်မှာရှိတဲ့ အားသာချက်တွေ၊ ခွန်အားတွေကို ချရေးလိုက်ပါ။ “တယ်ဟုတ်တဲ့ ငါပါလား”လို့ အထင်ရောက်စေပါလိမ့်မယ်။

(၂) ကိုယ့်မှာရှိတဲ့ အောင်မြင်မှုအဟန့်အတားလေးတွေ၊ စိတ်ထဲ မဝံ့မရဲဖြစ်နေတာတွေကို လက်ခံပြီး ကျော်လွှားနိုင်တယ်လို့ တွေးလိုက်ပါ။

(၃) ဆင်ခြေမပေးတတ်တဲ့အကျင့်ကို ကျင့်ယူပါ။

(၄) ကိုယ့်ကိုယ်ကိုယ် အပြုသဘောဆောင်တဲ့ စကားတွေကို ပြောကြည့်ပါ။ “ငါက စွမ်းဆောင်နိုင်သူဖြစ်တယ်၊ ဒီအခက်အခဲကို ငါကျော်လွှားနိုင်တယ်” စသဖြင့်ပေါ့။

(၅) ကိုယ့်အပေါ်ပြုမူစေချင်သလိုမျိုး တခြားသူကို ဆက်ဆံပေးပါ။ ဒါပေမဲ့ သူတို့အပြုအမူက ကိုယ်ဖြစ်စေချင်သလို မဖြစ်တာကို စိတ်ထဲမထားပါနဲ့။

(၆) ကြောက်နေတယ်ဆိုရင်တောင် အသစ်တစ်ခုခုကို စမ်းသပ်လုပ်ဆောင်ကြည့်လိုက်ပါ။

(၇) အတိတ်က မအောင်မြင်တဲ့ အရှုံးတွေက ငါနဲ့မဆိုင်တော့ဘူးလို့ တွေးလိုက်ပါ။

Most Popular

Healthy Life Ad
To Top