Healthy Life Ad
Health Tips

ဖရုံစေ့၏ ကျန်းမာရေးအကျိုးကျေးဇူး ငါးရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဖရုံစေ့ကို သရေစာအဖြစ် စားပေးတာကြောင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူး ငါးရပ်ကိုရရှိစေမှာဖြစ်ပါတယ်။

(၁) နှလုံးကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးပါတယ်

ဖရုံစေ့မှာ မဂ္ဂနီဆီယမ်သတ္တုဓာတ်ပါဝင်တဲ့အတွက် နှလုံးကျန်းမာစေပါတယ်။ မဂ္ဂနီဆီယမ်က နှလုံးခုန်နှုန်းပုံမမှန်တာကို တည်ငြိမ်စေပြီးသွေးတိုးတာ၊ နှလုံးအမောဖောက်တာ (Heart Attack)နဲ့ လေဖြတ်ဝေဒနာဖြစ်နှုန်းတို့ကို လျော့ကျစေပါတယ်။

(၂) ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်

သင်က လည်ချောင်းနာတာ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ တုပ်ကွေးကွေးတာတို့လို ကူးစက်ပိုးဝင်တာတွေ ဖြစ်လွယ်နေသလား၊ ဓာတ်မတည့်မှု ဖြစ်လွယ်ပါသလား။ သရေစာစားချိန်အတွင်း ဖရုံစေ့လက်တစ်ဆုပ်စာပမာဏ စားပေးလိုက်ပါ။ ဇင့်(သွပ်) ဓာတ်ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ဇင့်ဓာတ်က အနာကျက်မြန်စေပြီး ဝက်ခြံအဖုအပိမ့်တွေကို ကုသပေးနိုင်ကာ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၃) ဆီးကျိတ်ကျန်းမာစေပါတယ်

ဖရုံစေ့မှာပါတဲ့ ဇင့်(သွပ်)ဓာတ်က အမျိုးသားတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးကျိတ်ကျန်းမာစေပြီး ဆီးကျိတ်ကြီးတာကို သက်သာစေပါတယ်။

(၄) ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်

ဖရုံစေ့က ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုထိန်းညှိရေးမှာ ထိရောက်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဖရုံစေ့မှာပါတဲ့ အင်တီအောက်ဆီးဒင့်က ကိုယ်တွင်းဓာတ်တိုး ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) အိပ်ရာဝင်ခါနီးစားရင် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်

မအိပ်ခင် ဖရုံစေ့ကိုသရေစာအနေနဲ့ စားပေးပါ။ ဖရုံစေ့မှာပါတဲ့ အမိုင်နိုအက်စစ်ထရစ် ပတိုဖန်က ဆီရိုတိုနင်ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ အိပ်မပျော်နိုင်သူတွေမှာ ဆီရိုတိုနင် ဓာတ်လျော့နည်းနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top