Healthy Life Ad
Health Tips

ရွှေဖရုံသီး၏ ကျန်းမာရေးစွမ်းပကား

ရွှေဖရုံသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ အပြည့်ပါဝင်နေတယ်ဆိုတာ သင်သိပါရဲ့လား။ ရွှေဖရုံသီးကို ကျန်းမာရေးအတွက် စားသင့်သလားဆိုတာကို သိလိုကြသူတွေအတွက် ရွှေဖရုံသီးအကြောင်း ပြည့်ပြည့်စုံစုံ သိနိုင်စေဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ရွှေဖရုံသီးမှာ တောက်ပတဲ့ အရောင်ရှိလေလေ သင့်ကျန်းမာရေးအတွက် ပိုကောင်းလေလေပါပဲ။ ရွှေဖရုံသီးမှာ ဗီတာမင်အေနဲ့ ကာရိုတီးနွိုက၊ အထူးသဖြင့် ကယ်ရိုတင်းတွေပါသင်နေပါတယ်။ ဒါ့အပြင် ဗီတာမင် စီ၊ ဗီတာမင် ကေနဲ့ ဗီတာမင် အီးတွေ ပါဝင်ရုံသာမက မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နဲ့ သံဓာတ်လို သတ္တုဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။

(၂) ရွှေဖရုံသီးချက်ပြီး အကြမ်းပန်းကန်လုံးခွက်နဲ့ တစ်ဝက်စာပမာဏမှာ ကာဗိုဟိုက်ဒရိတ် ၆ ဒသမ ၅ ဂရမ်နဲ့ အမျှင်ဓာတ် ၃ ဒသမ ၅ ဂရမ် ပါဝင်နေပါတယ်။

(၃) ရွှေဖရုံစေ့မှာ သတ္တုဓာတ်အများအပြား ပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေကာ ဆီးကျိတ်ကင်ဆာရောဂါနဲ့ အရိုးပါးရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရွှေဖရုံစေ့ အကြမ်းပန်းကန်လုံးတစ်ခွက်ရဲ့ လေးပုံတစ်ပုံမှာ အစွမ်းထက်ကာဗိုဟိုက်ဒရိတ် ငါးဂရမ်နဲ့ အမျှင်ဓာတ် ၁ ဒသမ ၅ ဂရမ် ပါဝင်နေပါတယ်။

ရွှေဖရုံသီးရွေးချယ်မှု

ချက်ဖို့အတွက်ဆိုရင် လေးလံတဲ့ ရွှေဖရုံသီးကိုရွေးပါ။ ပေါ့တဲ့ ရွှေဖရုံသီးက လေးတဲ့အသီးထက် ပိုခြောက်နေတတ်ပါတယ်။

ရွှေဖရုံသီး သိမ်းဆည်းမှု

ရွှေဖရုံသီးကို ခြောက်သွေ့အေးမြတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။ ရွှေဖရုံသီးရဲ့ အောက်မှာ စက္ကူထားပြီး သိမ်းထားပါ။ လှီးထားတဲ့ ရွှေဖရုံသီးကို နှစ်ရက်အတွင်း ချက်စားသင့်ပါတယ်။ ကြာရင် မှိုတက်နိုင်လို့ပါ။

Most Popular

Healthy Life Ad
To Top